Chapter 1-1

130 17 0
                                    


ပန်းသီးအခွံဟာပြတ်တောက်တာမျိုးမရှိဘဲရှည်လာသည်။ထို့နောက်ကုတင်အောက်ကအမှိုက်ပုံးထဲကိုတည့်တည့်မတ်မတ်အပစ်ခံလိုက်ရသည်။

ရှုဇယ်ကပန်းသီးကိုတစ်ကိုက်ကိုက်ပြီးယန်းယန်ဆီကိုစာပို့လိုက်သည်။အဲ့စာမှာသူကယန်းယန်နဲ့လူကိုယ်တိုင်တွေ့ပြီးပြောစရာရှိတယ်လို့ရေးလိုက်သည်။စာပို့ပြီးမကြာခင်မှာဘဲယန်းယန်ကဖုန်းခေါ်လာသည်။

ရှုဇယ်ကဖုန်းမကိုင်ခင်ကျိုးရှင်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ကျိုးရှင်းကနားကြပ်တပ်ထားပြီးသူ့အဖွဲ့သားတွေနဲ့gameဆော့နေတယ်။

ကျိုးရှင်းဟာပုံမှန်ဆိုရင်ပုံမှန်လေသံနဲ့ဘဲပြောလေ့ရှိသည်။အခုဂိမ်းကစားနေချိန်မှာတော့သူ့အသံကလမ်းထဲကအန်တီကြီးတွေရန်ဖြစ်ရင်အော်နေသံလိုဘဲ။

မသိတဲ့လူတွေကတော့သူဂိမ်းဆော့နေတယ်လို့မထင်ဘဲတစ်ယောက်ယောက်နဲ့စကားများနေတယ်ဘဲထင်နိုင်သည်။

ကျိုးရှင်းသူ့အသံကိုမကြားတာသေချာတော့မှရှုဇယ်ကဖုန်းကိုင်လိုက်သည်။

ယန်းယန်ကရှုဇယ်ကိုတိုက်ရိုက်ဘဲပြောလိုက်တယ်"မင်းမှာပြောစရာတစ်ခုခုရှိရင်ဒီတိုင်းဖုန်းထဲကပြောလိုက်"အဲ့စကားနဲ့တင်ယန်းယန်ကရှုဇယ်နဲ့ထပ်မတွေ့ချင်ဘူးဆိုတာသိသာနေတယ်။

ယန်းယန်အတွက်တော့ရှုဇယ်ဆိုတာဒီတိုင်းသူ့အိပ်ရာမှာခဏအိပ်ခဲ့တဲ့လူတစ်ယောက်ထပ်မပိုဘူး။သူကဘယ်တော့မှအရင်ရည်းစားနဲ့ပြန်မတွဲဘူး။

"အဲ့ဒါကဖုန်းနဲ့ရှင်းပြဖို့မလွယ်ဘူး၊မင်းငါနဲ့အတူဆေးရုံလိုက်ခဲ့ဖို့လိုတယ်"ရှုဇယ်ကသူကိုယ်ဝန်ရှိနေတာကိုတိုက်ရိုက်မပြောလိုက်ဘူး။

"မင်းနေမကောင်းဘူးလား၊ပိုက်ဆံဘယ်လောက်လိုတာလဲ"ယန်းယန်ကရှုဇယ်ပိုက်ဆံလိုချင်နေတယ်လို့ဘဲတွေးလိုက်သည်။

"အဲ့ဒါကနေမကောင်းဘူးလို့သတ်မှတ်လို့မရဘူးဒါပေမယ့်ပိုက်ဆံတော့လိုတယ်အရမ်းမများပါဘူးတစ်ထောင်နှစ်ထောင်လောက်ပေါ့"ယန်းယန်စိတ်ထဲမှာရှုဇယ်အများကြီးတောင်းလိမ့်မယ်ထင်ထားပေမယ့်ရှုဇယ်ကတစ်ထောင်နှစ်ထောင်ဘဲတောင်းတယ်။

သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)Where stories live. Discover now