အပြန်မှာလည်းရှီချန်းကျိုးကအရှေ့ကားမောင်းသူနေရာမှာထိုင်ပြီးယန်းယန်ကအနောက်ခရီးသည်ခုံမှာထိုင်သည်။
ဘာဘဲဖြစ်ဖြစ်ယနေ့သည်ပုံမှန်နေ့များထက်တစ်မူထူးခြားနေခဲ့သည်။
ယန်းယန်သည် ကားအပြင်ဘက်ကိုငေးကြည့်နေရင်းအကြောင်းပြချက်တစ်ချို့ကြောင့်ဆေးရုံမှာတုန်းကမြင်ခဲ့ရသည့်ဓာတ်မှန်ပေါ်က ကလေးရဲ့ပုံရိပ်လေးက
သူ့မျက်ဝန်းထဲသို့ရုတ်ချည်းခုန်ဝင်လာခဲ့သည်။သူသေချာပေါက်ပြောရဲသည်။သူ့အနေနဲ့ရှုဇယ်နဲ့တွဲတုန်းထိုသူ့ကိုသိပ်စိတ်မဝင်စားခဲ့ဘူးဆိုသည်မှာအမှန်ပင်ဖြစ်သည်။
ရှုဇယ်မှမဟုတ်၊ ဘယ်သူဘဲဖြစ်ပါစေသူတို့၏ပြင်ပရုပ်ရည်သွင်ပြင်ကထာဝရရှင်သန်သူလိုအံ့သြဖွယ်ဖြစ်နေရင်တောင်မီးအလင်းရောင်သာပိတ်ပြီးအဝတ်ချွတ်လိုက်လျှင်လူတိုင်းသည်သူ့အတွက်တူတူဘဲဖြစ်သည်။
သူရှုဇယ်နဲ့အချိန်တစ်ခုလောက်တွဲပြီးနောက်အရင်ရှိခဲ့တဲ့ဆန်းသစ်မှု၊ စိတ်ဝင်စားမှုတွေကုန်ဆုံးသွားတော့သည်။
သူမမျှော်လင့်ထားသည့်တစ်ခုတည်းသောအရာမှာ ရှုဇယ်ကမိန်းမတွေလိုမျိုးကိုယ်ဝန်ဆောင်နိုင်စွမ်းရှိနေသည်ဆိုတာပင်။
တကယ်လို့သူ့ကလေးသာမဟုတ်ရင် သူ
လည်း ရှီချန်းကျိုးလို စိတ်ဝင်စားစရာတစ်ခုလိုဘဲမြင်မိလိမ့်မည်။အဲ့ကလေးကသူ့ကလေးဖြစ်နေပြီးရှုဇယ်ကလည်းသူ့ကိုလိမ်ရဲလောက်တဲ့သတ္တိမရှိလောက်ပေ။
သူရှုဇယ်ကိုယွမ်၁သိန်းပေးခဲ့သည်။ရှုဇယ်ကနာခံစွာနဲ့ပိုက်ဆံယူပြီး မဖျက်ချတာမျိုး မလုပ်ဖို့သူမျှော်လင့်သည်။
ယောကျာ်းတစ်ယောက်ကသူ့ကိုကလေးမွေးပေးမှာကိုခွင့်ပြုရလောက်သည်အထိလည်းသူစိတ်မဝင်စားပေ။
ကားလေးသည် ခုတ်မောင်းရင်း KTVဆီပြန်လာခဲ့သည်။ ယန်းယန်က ရှီချန်းကျိုးအားကားကို လမ်းတစ်ဖက်တွင်ရပ်ရန် ပြောလိုက်သည်။
သူ့ရဲ့ အခုလက်ရှိရည်းစားလေးက သူ့ကိုဟိုတယ်မှာစောင့်နေသည်။ ရှီချန်းကျိုးရဲ့မျက်လုံးများက အပြုံးများနဲ့ပြည့်နေပြီး ယန်းယန်ကို အရမ်းအားကျနေပုံပေါ်သည်။
YOU ARE READING
သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)
Romanceကိုယ်အရမ်းဖတ်ချင်လွန်းလို့ Tran ထားရခြင်းဖြစ်ပါတယ်၊ကိုယ်လည်းစာဖတ်သူပါဘဲ