ဒီအခန်းထဲကလူတွေအားလုံးကလူရည်လည်တဲ့သူတွေဘဲမို့ရှုဇယ်ယန်းယန်ကိုကြည့်ပြီးသူ့ဆီလျှောက်သွားကတည်းကသူကဘာဆိုတာခန့်မှန်းမိသွားကြသည်။ဒီမှာရှိတဲ့ဘယ်သူကမှရှုဇယ်ကိုရှီချန်းကျန်းလိုမျိုးယန်းယန်ရဲ့သူငယ်ချင်းလိုမတွေးဘူး။
ဘာလို့ဆိုတစ်ချက်ကြည့်ရုံနဲ့တင်ရှုဇယ်ဝတ်ထားတဲ့အဝတ်စားတွေကနေသူကမချမ်းသာဘူးဆိုတာသိနိုင်တာမို့။ဘာဘဲဖြစ်ဖြစ်ခုလိုအလှလေးတစ်ယောက်ရုတ်တရက်ပေါ်လာတာကလူတွေအားလုံးကိုစိတ်ဝင်စားစေသည်။
သူတို့ထဲကလူအချို့ဆိုရင်ယန်းယန်ကိုတောင်လှမ်းမေးကြသေးတယ်။သူတို့အကြည့်တွေကရှုဇယ်ကိုပစ္စည်းတစ်ခုကိုဈေးဖြတ်နေသလိုမျိုးဘဲ။
သူတို့ရဲ့အမေးကိုယန်းယန်ကပြန်မဖြေပေမယ့်ဘေးမှာထိုင်နေတဲ့ရှီချန်းကျိုးက
"သူ့နာမည်ကရှုဇယ်လေ၊သူကယန်းယန်ရဲ့ကျောင်းတုန်းကသူငယ်ချင်းဟောင်း"
သူကရှုဇယ်ကိုစိတ်ဝင်စားစွာကြည့်နေပြီးသူ့ရဲ့အကြည့်နဲ့တင်သူကရှုဇယ်ကိုစိတ်ဝင်စားနေမှန်းပြောနိုင်သည်။
အခြားတစ်ဖက်မှာယန်းယန်ကတော့ရှုဇယ်ကိုအေးစက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပေမယ့်ရှုဇယ်ကိုအာရုံတောင်စိုက်မနေဘူး။
"အကိုယန်းရဲ့သူငယ်ချင်းဟောင်းလား၊သူ့ကိုအရင်ကမမြင်ဖူးပါဘူး၊ဒါနဲ့သူကချောသားဘဲ၊အနုပညာကျောင်းကလား"
လူတော်တော်များများကတော့ချောတဲ့လူတွေဆိုရင်အနုပညာကျောင်းဆင်းလို့ဘဲထင်ကြတယ်၊အဲ့ကျောင်းကလူတွေအကုန်လုံးကလှကြတယ်လေ။
"မဟုတ်ပါဘူးကွာ၊ရှုဇယ်မင်းရောက်လာရင်လည်းထိုင်လေကွာ၊မတ်တပ်ကြီးရပ်မနေနဲ့၊မသိတဲ့လူတွေမြင်ရင်ငါတို့မင်းကိုမထိုင်ခိုင်းဘူးလို့ထင်နေကြအုံးမယ်။ဒါမှမဟုတ်မင်းငါနဲ့တူတူထိုင်မလား"
ရှီချန်းကျိုးကရှုဇယ်ကိုအပြုံးလေးနဲ့မေးလိုက်သည်။သားကောင်ကိုဆော့ကစားချင်နေတဲ့အပြုံးမျိုး။
ရှုဇယ်ကယန်းယန်ကိုဘဲကြည့်နေတယ်။ယန်းယန်ရဲ့မျက်နှာကအေးစက်နေတာမှမသိတဲ့လူတွေဆိုရင်သူကအပြုံးမရှိဘူးလို့တောင်ထင်နိုင်သည်။
YOU ARE READING
သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)
Romanceကိုယ်အရမ်းဖတ်ချင်လွန်းလို့ Tran ထားရခြင်းဖြစ်ပါတယ်၊ကိုယ်လည်းစာဖတ်သူပါဘဲ