စီးကရက်ဘူးထဲကစီးကရက်တစ်လိပ်ကိုသောက်ဖို့ယူလိုက်ပြီးသူ့ရဲ့နှုတ်ခမ်းမှာကိုက်ထားလိုက်သည်။စီးကရက်ကိုမီးမညှိခင်ကျိုးရှင်းကသူ့သူငယ်ချင်းဖြစ်သူရှုဇယ်ကိုစီးကရက်ဘူးကမ်းပေးလိုက်တော့
ရှုဇယ်ကသူမသောက်ဘူးဆိုပြီးလက်ဝေ့ရမ်းပြလိုက်သည်၊"ငါအခုတလောနေလို့မကောင်းလို့ဆေးလိပ်မသောက်တော့ဘူး"
ကျိုးရှင်းကစီးကရက်ဘူးကိုပြန်ယူလိုက်ပြီးစားပွဲပေါ်တင်ထားလိုက်တယ်။
အဲ့နောက်မီးညှိပြီးအသက်ဖြေးဖြေးရှုပြီးမီးခိုးငွေ့တွေကိုမှုတ်ထုတ်လိုက်သည်၊မီးခိုးငွေ့တွေကလေထဲကိုပျံ့နှံ့သွားသည်။
ရှုဇယ်ဆီမရောက်ပေမယ့်သူအနံ့ပြင်းပြင်းကိုရနေတုန်းဘဲ။အဲ့အနံ့ကိုရှုလိုက်မိချိန်ဗိုက်ထဲကနာလာပေမယ့်လည်းသူဘာမှမပြောလိုက်ဘူး။လက်ထဲမှာကိုင်ထားတဲ့ရေနွေးလေးကိုဘဲခေါင်းငုံ့ပြီးဖြေးဖြေးစီသောက်နေလိုက်တယ်။
ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ကျိုးရှင်းကမျက်လုံးစောင်းပြီးရှုဇယ်ကိုသေချာကြည့်လိုက်တယ်။
ရှုဇယ်မှာအံ့ဩဖွယ်ကောင်းပြီးချောမောတဲ့မျက်နှာလေးရှိတယ်။သူ့ရဲ့တိတ်တိတ်ဆတ်ဆိတ်နေတတ်တဲ့ပုံစံကြောင့်သာမဟုတ်ရင်ကျောင်းမြတ်လေးဆိုတဲ့ Titleကိုတောင်မှလက်လွှဲယူနိုင်တယ်။
လှပပြီးကြည့်ကောင်းတဲ့မျက်ခုံး၊နှုတ်ခမ်းရဲရဲ၊သွားဖြူဖြူလေးတွေ၊စိုက်ကြည့်လိုက်တိုင်းရေငွေ့လေးတွေပြည့်နေသလိုမက်မွန်ပွင့်ပုံမျက်ဝန်းလေးတွေနဲ့လှပလွန်းတဲ့သူတစ်ယောက်ဖြစ်တယ်။အဲ့ဒီမျက်ဝန်းလေးတွေမှာဘာစိတ်ခံစားချက်မှမပါရင်တောင်နားလည်ရခက်တဲ့နှစ်လိုဖွယ်ဆွဲဆောင်မှုတွေရှိနေတယ်။
ရှုဇယ်မှာအရမ်းကောင်းတဲ့အသားရေအပြင်ကိုအရမ်းလှတဲ့အရိုးတည်ဆောက်ပုံလည်းရှိတယ်၊လှပပြီးကျဉ်းတဲ့နဖူးလေးကလည်းမသိစိတ်ရဲ့စေ့ဆော်မှုအရမကြည့်ဘဲမနေနိုင်ဘူး။
ကျိုးရှင်းကအလှလေးတွေအများကြီးမြင်ဖူးပေမယ့်ရှုဇယ်လိုလူမျိုးကအနည်းငယ်ဘဲရှိတယ်။
KAMU SEDANG MEMBACA
သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)
Romansaကိုယ်အရမ်းဖတ်ချင်လွန်းလို့ Tran ထားရခြင်းဖြစ်ပါတယ်၊ကိုယ်လည်းစာဖတ်သူပါဘဲ