အမှန်ဆိုရှုဇယ်အနေနဲ့ဒီဖန်ခွက်လေးကိုလက်ခံလိုက်ရုံဘဲ၊ဘာများခက်လို့လဲ။ဒီလိုဆင်ခြေဆင်လက်မျိုးနဲ့ခေါင်းမရှောင်သင့်ဘူး။
သူအခုချိန်ထိပြုံးနေပေမယ့်ကြင်နာမှုကတော့မပါတော့ဘူး။
"မင်းငါ့ကိုမယုံဘူးဆိုရင်လည်းအခုချက်ချင်းငါနဲ့ဆေးရုံကိုလိုက်ခဲ့လေ၊တကယ်လို့ငါသာဘာမှမဖြစ်ဘဲလိမ်တာဆိုရင်၊ငါမင်းကိုဒီညပြုစုမယ်ဘယ်လိုလဲ"
ရှုဇယ်သူ့နှုတ်ခမ်းကိုကိုက်ရင်းပြောလိုက်သည်။
ရှီချန်းကျိုးနဲ့မျက်လုံးချင်းစုံလိုက်ကတည်းကဒီလူသူ့ကိုစိတ်ဝင်စားနေမှန်းသိလိုက်သည်။အဲ့နောက်တော့သူ့ကိုဝိုင်ထည့်ပေးတာကိုကြည့်ရင်သူ့ခန်မှန်းချက်မှန်တာသိနိုင်သည်။
ရှီချန်းကျိုးကတော့သူရှုဇယ်ကိုလိုက်ဖို့အခွင့်အရေးဘဲလို့တွေးလောက်သည်။
ဒီလိုအခွင့်အရေးမျိုးဖန်တီးပေးလို့ရှီချန်းကျိုးကိုကျေးဇူးတင်ရမယ်၊မဟုတ်ရင်သူယန်းယန်ကိုသူ့မှာကိုယ်ဝန်ရှိနေတယ်ဒီအတိုင်းသွားပြောရင်ယုံကြည်မှာမဟုတ်ဘူး။
အဲ့တော့ဆေးရုံသွားပြီးဆေးစစ်ချက်ကိုပြလိုက်တာကမှအကောင်းဆုံးဘဲ။
"ရှုဇယ်မင်းကဒီလောက်စိတ်ဝင်စားစရာကောင်းမှန်းသိရင်အစောကတည်းကမင်းနဲ့တွေ့ဖို့အခွင့်အရေးရှာခဲ့ပါတယ်ကွာ"
ရှီချန်းကျိုးကယန်းယန်ကိုဖုန်းခေါ်ခိုင်းတယ်ဆိုတာကလည်းသူရှုဇယ်နဲ့အိပ်ချင်လို့ဘဲ။
ဟိုးအရင်ကမတော်တဆ၊ရှီချန်းကျိုးကရှုဇယ်နဲ့တွေ့ခဲ့ကတည်းကသူဟာရှုဇယ်ရဲ့အလှနဲ့မျက်နှာလေးဆီကဆွဲဆောင်ခံလိုက်ရသည်။
ဒါပေမယ့်အဲ့အချိန်တုန်းကရှုဇယ်ကယန်းယန်နဲ့တွဲနေပြီ၊ဘယ်လို့ဘဲဖြစ်ဖြစ်သူ့ညီအစ်ကိုနဲ့တော့ပြိုင်မလုနိုင်ဘူး။
ဒီနေ့မှာတော့ယန်းယန်ကသူ့ချစ်သူအသစ်လေးကိုခေါ်လာတယ်၊အဲ့ကောင်လေးရဲ့မျက်နှာကရှုဇယ်နဲ့နည်းနည်းဆင်တယ်။
အဲ့တာနဲ့ရှီချန်းကျိုးကရှုဇယ်ကိုတွေးမိသွားသည်။သူယန်းယန်ကိုရှုဇယ်အကြောင်းမေးပြီးဖုန်းခေါ်ခိုင်းလိုက်သည်။
YOU ARE READING
သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)
Romanceကိုယ်အရမ်းဖတ်ချင်လွန်းလို့ Tran ထားရခြင်းဖြစ်ပါတယ်၊ကိုယ်လည်းစာဖတ်သူပါဘဲ