ယန်းယန်ကတစ်ခုခုပြောမယ်ဆိုတာသိနေတာမို့ရှုဇယ်ရဲ့မျက်လုံးတွေအရောင်လတ်သွားပြီးဘာမှမပြောဘဲစောင့်နေလိုက်သည်။သေချာပေါက်ဘဲယန်းယန်ကခဏရပ်သွားပြီး
"ရှုဇယ်မင်းကလေးကိုတကယ်ဖျက်ချချင်တာလား၊ဘာမှမလိုချင်ဘူးလား"
ယန်းယန်ကပြုံးရင်းမေးနေတယ်ထင်ရပေမယ့်သူ့ရဲ့နှုတ်ခမ်းထောင့်ရော၊မျက်လုံးအောက်ခြေမှာပါအပြုံးမရှိနေဘဲတစ်ကိုယ်လုံးကအေးစက်နေသည်။
"အမှန်ဘဲငါကမင်းကိုလိမ်ပြောတော့ဘာရမှာလဲ၊မွေးဖို့ကိုစိတ်မဝင်စားဘူး၊ငါ့အတွက်ဘာကောင်းကျိုးမှမရှိဘူး၊မင်းကခွဲစိတ်ခကိုတောင်အကုန်လုံးတာဝန်ယူပေးမှာဆိုတော့အရမ်းစိတ်ကောင်းတာဘဲ"
ရှုဇယ်ကအပြောရောအလုပ်ရောညီသည်။
ယန်းယန်ကရှုဇယ်ရဲ့မက်မွန်ပွင့်မျက်ဝန်းတွေ
ကိုစိုက်ကြည့်နေပြီးရှုဇယ်ဆီကတစ်ခုခုများမြင်နိုင်မလားကြိုးစားကြည့်သည်။ဒါပေမယ့်ရှုဇယ်ကဘဲ အမှန်အတိုင်းပြောနေတာလား၊ဒါမှမဟုတ် အရမ်းဟန်ဆောင်ကောင်းနေတာများလား၊ သူဘာမှမမြင်နိုင်ခဲ့ဘူး။
"အိုကေ၊ဒါပေမယ့်ငါ့မအားလို့မနက်ဖြန်မင်းနဲ့မလိုက်လာပေးနိုင်လောက်ဘူး။မင်းကတ်နံပါတ်ငါ့ဆီပို့လိုက်၊ငါပိုက်ဆံလွဲပေးလိုက်မယ်"
ယန်ယန်းကသူ့စကားနဲ့ရှုဇယ်အပေါ်ထားတဲ့သူ့သဘောထားကိုရှင်းရှင်းလင်းလင်းပြလိုက်သည်။
ဒါမှဖျက်ချပြီးရင်သူ့နောက်ရှုဇယ်ဆက်မလိုက်မှာ။
တကယ်လို့ရှုဇယ်သာမိန်းမလိုမျိုးကိုယ်ဝန်
ဆောင်နိုင်ဆိုသာကိုသူသိခဲ့ရင်ကွန်ဒုံးသုံးပြီးဒီလိုအမှားမျိုးကျူးလွန်မိတာမျိုးမဖြစ်လောက်ဘူး။ရှုဇယ်အနေနဲ့ယန်းယန်ကိုအသိပေးရတာကလည်းတစ်ခြားတစ်ဖက်ကို ကလေးရဲ့တည်ရှိမှုကိုသိစေချင်ရုံဘဲဖြစ်သည်။
အခုယန်းယန်လည်းသိသွားပြီး၊ခွဲစိတ်ခလည်းရှင်းပေးသည်၊အဲ့တော့သူ့ရဲ့ရည်မှန်းချက်ကပြည့်ပြီဖြစ်သည်။
YOU ARE READING
သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)
Romanceကိုယ်အရမ်းဖတ်ချင်လွန်းလို့ Tran ထားရခြင်းဖြစ်ပါတယ်၊ကိုယ်လည်းစာဖတ်သူပါဘဲ