Chapter 5-1

75 16 2
                                    

ရှီချန်းကျိုး၊ ခွဲခန်းအပေါ်က မီးနီကို
ကြည့်လိုက်ပြီး ခဏ တုံ့ဆိုင်းသွားသော်လည်းနောက်လှည့်ပြီး ထွက်သွားလိုက်သည်။

ကားပေါ်တွင်ထိုင်ကာ အင်ဂျင်စက်ကို
နှိုးရင်း ရှီချန်းကျိုးသည် ယန်းယန်ကို
ရုတ်တရပ်တွေးလိုက်မိသည်။

ရှုဇယ်ကို ကိုယ်ဝန်ဖျက်ချသည့်ကိစ္စနှင့်ပတ်သက်၍ 'ယန်းယန်ကို ထပ်မံဆက်သွယ်ပေးရမလား' ဟုမေးမြန်းခဲ့သည်။

သို့‌သော်ရှုဇယ်၏အဖြေမှာNoဟူ၍ပင်။

ရှီချန်းကျိုး ကတော့ ယန်းယန်ရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ယန်းယန်ကို ပြောပြရန် လိုအပ်သည်ဟု ခံစားရသည်။

နောက်ဆုံးတွင်တော့ သူ့ကလေးကို
ဖျက်ချသည့်ကိစ္စပင်မဟုတ်လား။

ရှီချန်းကျိုးသည် ယန်းယန်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

"ရှုဇယ်က အခုဆေးရုံရောက်နေပြီး ခွဲစိတ်ခန်းထဲဝင်နေပြီ၊ မင်းရဲ့ကလေးကို နာရီဝက်လောက်နေရင်
ဖျက်ချတော့မယ်"

ထိုအချိန်တွင် ယန်းယန်နဲ့ သူရဲ့ချစ်သူလုရှန်းတို့သည် ညစာစားနေကြပြီး
ရှီချန်းကျိုးရဲ့ ရုတ်တရက်ဖုန်းခေါ်ဆိုမှုက
ယန်းယန်အား မနေ့ညက အာထရာဆောင်းအခန်းရှိ ဖန်သားပြင်ပေါ်မှ ဓာတ်ပုံအား
သူ၏စိတ်ထဲသို့ ချက်ချင်း ပြန်ရောက်သွားစေခဲ့ပါသည်။

စားပွဲပေါ်မှ မှာယူထားသော ဟင်းပွဲများထဲတွင် ခရမ်းချဉ်သီးနှင့် ကြက်ဥကိုမွှေကြော်
ထားသော ပန်းကန်ပြားမှာ အနီရောင်တောက်တောက်ဖြစ်‌နေပြီး လုရှန်း ကောက်ယူလိုက်သော ခရမ်းချဉ်သီးကို စိုက်ကြည့်ရင်း သွေးများဟုမြင်ယောင်လာသည်။

"သူက မင်းကို ငါ့ကိုဆက်သွယ်ဖို့ပြောခဲ့တာလား" ယန်းယန် ရဲ့ အသံကအေးစက်နေပြီး
ရှုဇယ်က ရှီချန်းကျိုးကို ဆက်သွယ်ခိုင်းပြီးသူ့ကို ခေါ်ခိုင်းခဲ့သည် ဟုတွေးမိသည်။

သူ့ကလေးကို ကိုယ်ဝန်ဖျက်ချဖို့သွားပေမယ့်လည်း သူနဲ့ဆက်ပတ်သက်ဖို့ တခြားယောက်ျားကိုတောင် ခိုင်းခဲ့သေးသည်
မဟုတ်လား။

သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)Where stories live. Discover now