Chapter 3

138 16 0
                                    

ယန်းယန်တစ်ယောက်ထဲအံ့ဩထိတ်လန့်ပြီးမယုံနိုင်ဖြစ်နေတာမဟုတ်ဘူး၊ရှီချန်းကျိုးလဲစိတ်ပျံ့လွင့်နေသည်။

ရှီချန်းကျိုးလည်းအခန်းထဲဝင်လာပြီးယန်းယန်ဘေးနားလာရပ်သည်။

သူ့ခမျာအကျီကိုအခုလေးတင်ဆွဲချနေတဲ့ရှုဇယ်ကိုကြည့်လိုက် ultrasound ကဓာတ်ပုံကိုကြည့်လိုက်နဲ့အကြိမ်ကြိမ်ဟိုကြည့်ဒီကြည့်ဖြစ်နေသည်။

ရှုဇယ်ကလွဲလို့အခန်းထဲကလူအားလုံးခဏလောက်တိတ်ဆိတ်သွားကြသည်။

သူတို့ရဲ့လောကအမြင်တွေအများကြီးရှုဇယ်ကြောင့်အပြောင်းခံလိုက်ရသည်။

ရှီချန်းကျိုးသူ့နှုတ်ခမ်းလေးကိုကွေးပြီးတော့ရှုဇယ်ကိုခပ်နောက်နောက်ပြောလိုက်သည်

"ဒါကမင်းပြောတဲ့ဗိုက်ထဲမှာတစ်ခုခုရှိနေလို့အရက်သောက်လို့မရဘူးဆိုတဲ့အကြောင်းပြချက်လေးပေါ့လေ"

"မင်းဆရာဝန်နဲ့ပေါင်းပြီးလုပ်ကြံထားတာမှတ်လား"

ဒီလိုဟာမျိုးကလူတွေရဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်ပေမယ့်၊အဓိကကယောကျာ်းတစ်ယောက်ကကိုယ်ဝန်ဆောင်တာကြီးလေ၊သူ့အနေနဲ့ရှုဇယ်ကမိန်းမလားယောကျာ်းလားမခွဲနိုင်ပေနေပါ့မလား။

ယောကျာ်းတစ်ယောက်ကမိန်းမလိုမျိုးဘယ်လိုလုပ်ကိုယ်ဝန်ဆောင်နိုင်မှာလဲ၊ပြီးတော့ရှုဇယ်ကဒီလောက်လှတာယောကျာ်းမဖြစ်နိုင်ဘူး၊သေချာတယ်ယောကျာ်းဟန်ဆောင်ထားတဲ့မိန်းမဘဲနေမယ်။

ရှုဇယ်ရဲ့သရုပ်ဆောင်စကေးကအောချရလောက်သည်။

ရှီချန်းကျိုးသူ့မျက်လုံးတွေကိုကျဉ်းလိုက်ပြီးသူ့ဘေးကမျက်နှာကြီးမှောင်မဲနေတဲ့သူငယ်ချင်းဖြစ်သူကိုကြည့်လိုက်သည်။ရှုဇယ်စကားအရ,သူကယန်းယန်နဲ့အိပ်ခဲ့တာလေ၊ဘာလို့သူကရှုဇယ်ကယောကျာ်းလားမိန်းမလားဆိုတာတောင်မသိရတာလဲ။

ရှီချန်းကျိုး၊ယန်းယန်ကိုရိုက်လိုက်ပြီးအရမ်းအားကျနေတဲ့လေသံနဲ့

"ယန်းယန်မင်းကလုံးဝအံ့ဩစရာဘဲ၊ယောကျာ်းတစ်ယောက်ကိုတောင်ဗိုက်ကြီးအောင်လုပ်နိုင်တယ်"

သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)Where stories live. Discover now