Chapter 4-1

94 13 1
                                    


လုရှန်းက ဆက်သွားဖို့လုပ်နေတုန်းဘဲဆိုတာကို တွေ့လိုက်ရသောအခါ ယန်းယန်၊သူ့ဘေးနားက ကော်ဖီစားပွဲပေါ်ရှိ စီးကရက်အခံထဲသို့ စီးကရက်တစ်ခုလုံးကို ချေမွပြစ်လိုက်သည်။

"ဒီနေ့အတွက်မလိုတော့ဘူး။ မင်းအင်္ကျီပြန်ဝတ်ပြီး taxiငှားလိုက်၊ ပြီးရင် မင်းကျောင်းကိုပြန်လိုက်တော့"

အခုချိန်ကအရမ်းနောက်ကျနေပြီ။

ဒီအချိန်ကြီးမှာ taxiငှားပြီး အဆောင်ကိုပြန်ဖို့ဆိုတာမဖြစ်နိုင်ချေ။ ယန်းယန်က မတ်တပ်ရပ်လိုက်ပြီး သူ့ခါးက ခါးပတ်ကို လျင်မြန်စွာပြန်ပတ်လိုက်သည်။

သူ့အနားက တစ်ဖြည်းဖြည်းချင်း ထရပ်လာတဲ့ လုရှန်းရဲ့မျက်နှာကို တစ်ချက်တောင်လှည့်မကြည့်ပါဘဲနဲ့ သူ့ဖုန်းကိုသာ ယူလိုက်ပြီး လုရှန်းကို ငွေလွဲပေးလိုက်သည်။

အဲ့တာက နည်းတဲ့ပမာဏလို့မဆိုနိုင်ဘူး၊ထောင်ဂဏန်းလောက်ရှိသည်။

လှရှန်းရဲ့ မျက်လုံးတွေ တဖြည်းဖြည်း နီရဲလို့ လာခဲ့သည်။ သူတစ်ခုခုများ အမှားလုပ်ခဲ့မိလို့လားလို့ ယန်းယန်ကိုမေးလိုက်ချင်ခဲ့သည်။

ထို့‌နောက် သူ ယန်းယန်ရဲ့မျက်နှာလေးကိုကြည့်လိုက်မိသည်။ ဒီလူကသဘောထားကြီးသည်။သူသာလိုချင်ရင် ဒီလူကပိုက်ဆံထောင်ပေါင်းများစွာကို ပေးဖို့ဝန်မလေး‌ပေ။

ဒါပေမယ့်တစ်ဖက်မှာလည်း သူဟာအမြဲတမ်းဒီအတိုင်းဘဲ။ သူ့ကို လှုပ်ခတ်နိုင်တဲ့အရာ ဆိုတာမရှိသလိုပင်။

လုရှန်း သူ့နှုတ်ခမ်းသူလျက်လိုက်ပြီး ခဏလောက်အချိန်ယူပြီးနောက် အသံတိုးတိုးလေးနဲ့ သူကြားကြောင်းပြလိုက်သည်။

သူ့အင်္ကျီတွေကို အမြန်ပြန်ဝတ်ပြီးနောက်ထွက်ခွာရန် ဝန်လေးနေခဲ့သည်။ သူထွက်မသွားအောင် ယန်းယန်များပြန်ခေါ်ထား
မလားဆိုသည့်စိတ်လေးနှင့်

"အကိုယန်း၊ ကျွန်.. ကျွန်တော်သွားတော့မယ်နော်"လို့အသံပြုလိုက်သည်။

ယန်းယန်က အသံလေးတောင်မှတစ်ချက်မပြုသည့်အတွက် သူ့နှလုံးသားထဲတွင် အေးခဲမှုကိုသာ ခံစားလိုက်ရသည်။

သူကအဖေဖြစ်ရတာသဘောကျတယ်(ဘာသာပြန်)Where stories live. Discover now