Ep.1

353 25 0
                                    

🌠Unicode🌠

ကျယ်ဝန်းလှတဲ့ခြံကြီးထဲဝယ် ပန်းပေါင်စုံတို့က ဝေဝေဆာဆာဖူးပွင့်လျက်ရှိသည်။

အရိပ်ရပင်တစ်ချို့ကိုလည်းစိုက်ပျိုးထားတာမို့ အေးမြမှုကိုလည်းခံစားရသည်။

ခြံကြီးရဲ့အလည်မှာတည်ရှိနေတဲ့ စိမ်းနုရောင်နှစ်ထပ်အိမ်လှလှလေးဟာလည်း လမ်းသွားလမ်းလာများကိုငေးမောစေတဲ့ထိပင်

"သားး ဝမ်ဝမ်"

"လာပါပြီ..."

အသံချိုချိုနဲ့ဆင်းလာတဲ့ကလေးငယ်ရဲ့အပြုံးဟာ အပြစ်ကင်းစင်လှသည်။

"ဟိုရောက်ရင် အရမ်းမကစားရဘူးနော်...အန်တီရှောင်းကို ဂျီမကျရဘူး...ဟုတ်ပြီလား"

"ဟုတ် ပါပါးး"

လိမ္မာလွန်းတဲ့ကလေးငယ်ကို ဖခင်ဖြစ်သူက ပြုံးပြီးကြည့်နေသလို မိခင်ဖြစ်သူကတော့ ပါးကိုခပ်ဖွဖွနမ်းလေသည်။

မိသားစုလိုက်ကားပေါ်တက်လို့ရှောင်းအိမ်တော်သို့ဦးတည်ခဲ့ကြသည်။

တစ်မြို့ထဲတွေနေကြပေမယ့် အစနဲ့အဆုံးဆိုသလိုဖြစ်နေတာမို့ အတန်ငယ်ဝေးသည်ဟု ဆိုနိုင်သည်။

မိသားစုချင်းကလည်း အလွန်ရင်းနှီးကြတာမို့ တစ်အိမ်အကြောင်းတစ်အိမ် အဆင်းသိအချင်းသိ သည်အထိပင်

အတော်ကြာမောင်းပြီးနောက် ဝမ်အိမ်တော်ရဲ့ခြံထက်ပင်အဆမတန် ကြီးမားလှသည့် ခြံဝင်းတစ်ခုထဲသို့ ဝင်လာခဲ့ကြသည်။

ကားရပ်သည်နှင့် နန်းတော်တမျှခမ်းနားလှတဲ့အိမ်တော်ထဲကိုပြေးဝင်သွားတဲ့ ဝမ်ရိပေါ်လေးဟာ ပါပါးနဲ့မာမားကိုတောင်မစောင့်နိုင်တော့ပေ။

"အန်တီရှောင်းးးး"

"ဝမ်ဝမ်လေးးး တစ်နေ့တစ်ခြားကို ပါးလေးတွေဖောင်းလာပါလား"

ရှောင်းဇီရဲ့စကားကို သွားလေးတွေပေါ်အောင်ပြုံးပြနေတဲ့ပေါက်စီလုံးလေးဟာ အားလုံးရဲ့အချစ်ခံလေးပင်

"အန်တီရှောင်းးး ဗိုက်ထဲကညီလေးကို အပြင်မြန်မြန်ထုတ်တော့လေ...သားတွေ့ချင်နေပြီ"

သားဖြစ်သူရဲ့စကားကိုကြားတဲ့ဝမ်မားကတော့ သဘောကျသလိုပြုံးရယ်လို့ရယ်

ညီWhere stories live. Discover now