🌠Unicode🌠
ဝမ်ရိပေါ် ၁၅နှစ်...ရှောင်းကျန့် ၇နှစ်
လူပျိုပေါက်ဖြစ်လာတဲ့ဝမ်ရိပေါ်ဟာ ချောမောတဲ့ ကောင်လေးဖြစ်လာခဲ့သည်။
ကောင်မလေးတိုင်းရဲ့ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ဟာလည်းအလိုလိုနေရင်း မုန့်တွေအမြဲရနေတော့သည်။
ဝမ်ရိပေါ်ကိုလာပြီး ပိုးပန်းတဲ့ကောင်မလေးတိုင်းဟာ အမှတ်ရအောင်ဟုဆိုကာ ရှောင်းကျန့်ကိုသဲသဲလှုပ်ချစ်ပြတတ်ကြသည်။
မုန့်စားရရင်ကျေနပ်နေတဲ့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို တစ်ဆင့်ပေးခိုင်းတဲ့ရည်းစားစာတိုင်းကို လက်ခံလို့ပြန်ပေးတတ်သည်။
"ကိုကို...ရော့"
ရှောင်းအိမ်တော်ရဲ့ခြံဝန်းတစ်နေရာမှာ စာကျက်နေတဲ့ရိပေါ်ထံသို့ရောက်လာတဲ့ ပန်းရောင်ဖျော့ဖျော့ စာအိတ်တစ်ခု
"ကိုကို ဒါမျိုးတွေမကြိုက်ဘူးနော်...ဘာလို့ယူလာပြန်တာလဲ"
"ကိုကိုကလည်း သူတို့က မုန့်ကျွေးတာကိုလို့..."
"ဒီကလေးနဲ့ ခက်တော့တာပဲ"
"ဟီးး"
ယုန်သွားလေးတွေနဲ့ချစ်ဖို့ကောင်းလွန်တဲ့ ထိုကလေးငယ်ဟာ သူ့အတွက်တော့ အသက်တမျှအရေးကြီးခဲ့သည်။
"ကိုကို...ညကြရင် သားကိုပုံပြင်ဖတ်ပြရဦးမယ်နော်..."
"ဟုတ်ပါပြီဗျာ.."
ရှောင်းအိမ်တော်မှာ လာအိပ်တဲ့ပိတ်ရက်တိုင်းမှာ ထိုကလေးအတွက်ပုံပြင်ပြောပြရသည့် တာဝန်လေးပိုလာခဲ့သည်။
အိပ်မပျော်ဘူးဟုဂျီလာကျလျှင် ခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်ပေးရသလို...အိပ်ပျော်သွားတိုင်းစောင်တွေကိုကန်ထုတ်တတ်တဲ့အကျင့်လေးကြောင့်လည်းတစ်ရေးနိုးတိုင်း ထကြည့်ပေးခဲ့ရသည်။
"ကိုကိုကို့ သားက အချစ်ဆုံးပဲ"
"....."
"သားနှလုံးသားကြီးတစ်ခုလုံးနဲ့ပြည့်အောင်ကိုချစ်တာ"
ကလေးပေါက်လေးရဲ့ စကားလုံးတိုင်းကို နှလုံးသားမှာမှတ်တမ်းတင်လို့ ကမ္ဘာပေါ်မှာကံကောင်းဆုံးလူသားတစ်ယောက်အဖြစ် ဝမ်ရိပေါ်က သူ့ကိုယ်သူခံယူထားခဲ့သည်။
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::