🌠Unicode🌠
နံနက်ခင်းမှာကျေးငှက်တွေဟာ သာယာတဲ့သူတို့ရဲ့ သံစဥ်တွေကိုသီကျူးပေးနေလေသည်။
သို့သော်ညားလည်း ပူလောင်နေတဲ့လူတစ်ယောက်ရဲ့ရင်ကိုတော့ အေးစေမှာတဲ့လား
ဝမ်ရိပေါ်က သူ့ဘေးမှာအပူပင်ကင်းစွာအိပ်စက်နေတဲ့ ညီ့ ကို တစိမ့်စိမ့်ငေးကြည့်နေသည်။
ထို့နောက်ညီ့ရဲ့နဖူးကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
"ဒီနေ့လည်း ညီ ကိုကို့ဘေးမှာရှိနေသေးတယ်"
ကိုယ့်အဝေးကိုထွက်ပြေးသွားနိုင်တဲ့ လူတစ်ယောက်ကို သူဘယ်လိုများဆွဲထားရပါမလိမ့်
ဘဝတစ်လျှောက်လုံးမှာ ညီ့မျက်နှာတစ်ကမ္ဘာလိုနေလာခဲ့ပြီး အရာရာမှာ လိုအပ်ချက်မရှိအောင်ချစ်ပေးနေတဲ့သူက ဘာတွေများထပ်ဖြည့်ဆည်းပေးရမတဲ့လဲ
"မင်းအပေါ်ချစ်တာ ကွက်လပ်သေးသေးလေးတောင် မရှိခဲ့ပါပဲ ညီ ရယ်"
'အင်းးး'
အင်းအဲပြုပြီး နိုးလာတဲ့ ညီ့ကြောင့် ဟန်မပျက်ပြုံးလိုက်မိသည်။
"ကိုကို..."
"ဟင်"
"ကိုကို မျက်နှာသိပ်မကောင်းသလိုပဲ"
"...."
"နေမကောင်းဘူးလားဟင်"
"ဟုတ်တယ်...ကိုကိုဖျားနေပြီထင်တယ်"
မုသားစကားရဲ့နောက်မှာ ကပ်ပါလာတဲ့ ညီရဲ့လက်နုနုဟာ သူ့ရဲ့နဖူးပြင်ပေါ်သို့အလိုလိုရောက်လာသည်။
"ကိုယ်တော့မပူပါဘူး"
"...."
"ဘာပဲဖြစ်ဖြစ် နေမကောင်းဘူးဆိုတော့ ဆေးသောက်ရမယ် ပြီးတော့ ဆေးလည်းထိုးရမယ်"
ညီ့ရဲ့စကားကိုအထွန့်မတက်စွာခေါင်းညိတ်မိသည်။အကျိုးဆက်ကိုတော့ ဘာပဲဖြစ်ဖြစ်ခံယူဖို့အသင့်ပါပဲ
ညီသာ သူ့ဘေးနားမှာ အမြဲနေပေးမယ်ဆိုရင်...တသက်လုံးဖျားပစ်လိုက်ချင်တဲ့အထိပါပဲ
"ညီ...ဒီနေ့ ဘယ်မှမသွားပါနဲ့နော်...ကိုကို့ဘေးနားမှာပဲ နေပေးပါ"
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::