🌠Unicode🌠
ဆေးရုံဆင်းပြီးပြီးချင်းမှာပဲ ဝမ်ရိပေါ်က စေ့စပ်ပွဲကိုဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
အတူမျှော်လင့်ခဲ့ဘူးတဲ့ လက်ထပ်ခြင်းဆိုတဲ့စကားစုလေးဟာလည်း အိပ်မက်အဖြစ်သာကျန်ရှိခဲ့လေပြီ
ရှောင်းအိမ်တော်မှာရှိနေတဲ့ သူ့ရဲ့အဝတ်အစားတွေကိုထုတ်ပိုးလို့ ဝမ်အိမ်တော်ကိုပြန်ယူဆောင်တဲ့အခါ အန်တီရှောင်းကတော့ မသွားဖို့ပြောရှာသည်။
မသွားလို့ဘယ်ဖြစ်ပါ့မလဲ...ညီ့ရဲ့ချစ်သူဟာ သူနဲ့ညီ အတူရှိဖို့ကိုလိုလားသည်မှ မဟုတ်ပါပဲ
ညီနဲ့အယ်လီယာ သာ စကားများရန်ဖြစ်ကြရင် ဝမ်းနည်းရမှာက ညီဖြစ်ပြီး ကျေကွဲရမှာက သူ မဟုတ်ပါလား
ရှောင်းအိမ်တော်ကနေထွက်ခွာသွားလို့ ကားပေါ်ကနေ ညီ့အခန်းကိုလှမ်းငေးမိသည်။
ပြတင်းပေါက်ကနေ ကြည့်နေတဲ့ညီနဲ့မျက်နှာချင်းဆုံတဲ့အခါ ဝမ်ရိပေါ်ခေါင်းကိုငုံ့ချမိသည်။
"ကိုကိုရဲ့ နှလုံးသားက ညီနဲ့အတူအမြဲရှိနေဦးမှာပါ"
~~~~~~~~~
ရှောင်းကျန့် ကိုကိုထွက်သွားသည်ကိုငေးကြည့်နေမိသည်။
နာကျင်ရတဲ့နှလုံးသားက ဆွဲထားဖို့ပြောနေပြန်သည်။ဘယ်လိုဖြစ်နိုင်မှာလဲ လမ်းခွဲဖို့ပြောခဲ့တာသူပဲလေ
အခန်းတံခါးခေါက်သံကြားလိုက်ရတာမို့ သွားဖွင့်ကြည့်လိုက်တော့ မားဖြစ်နေသည်။
"ကျန့်ကျန့်....မားလေ မင်းကိုအရမ်းစိတ်ပျက်မိတယ်"
"မား~~~"
"ဝမ်လေးကလေ...သားကိုဘယ်လောက်ချစ်လည်းသိရဲ့လား....သားငယ်ငယ်လေးကတည်းက ချီပိုးပြီး အမြဲစောင့်ရှောက်ပေးခဲ့ရတာ"
"...."
"သားကြောင့်...သူ့မှာသူငယ်ချင်းမိတ်ဆွေဆိုတာလည်း သိပ်မရှိခဲ့ဘူး...သားကိုအချိန်ပေးချင်ခဲ့လို့တဲ့"
"....."
"ဒီလောက်အရာရာအလိုလိုက် အကြိုက်ဆောင်ပြီး ချစ်ပေးနေခဲ့တာတောင်...မင်းဘာလို့ဝမ်လေးပေါ်မှာ ဒီလိုလုပ်ရက်ရတာလဲ!!"
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::