Ep.3

138 21 2
                                    

🌠Unicide🌠

ခြံဝန်းရဲ့ တစ်နေရာမှာ မတ်တပ်ရပ်လို့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကိုဆူပူမိသည်။

"ကိုကို နားမလည်နိုင်တော့ဘူး...ဘာလို့များတစ်ခြားသူကိုထိုးနှက်ခဲ့ရတာလဲ"

"...."

"အကြောင်းပြချက်ကိုပေးပါဦးး...ပြောလေ"

မျက်ရည်တွေနဲ့မော့ကြည့်လာတဲ့ကလေး ကြောင့် ဝမ်ရိပေါ်ရဲ့ ရင်တွေဟာ အတိုင်းအဆမဲ့စွာနာကျင်ရပါသည်။

"ကိုကို  ရည်းစားရနေပြီလား"

"မဆိုင်တာတွေမပြောနဲ့"

"ကိုကိုက သူ့ကို သားထက်ပိုချစ်နေပြီ...ဟုတ်တယ်မဟုတ်လားး"

အမေးတစ်ခြားအဖြေတစ်ခြားဖြစ်နေတာကြောင့် ရိပေါ်ဘာဆက်လုပ်ရမှန်းမသိတော့ပေ။

"ပြောလေ...ကိုကိုက သားကိုမချစ်တော့လို့ ရည်စားထားတာလား"

"ကိုကိုက ညီလေးကိုအချစ်ဆုံးပဲ ဟုတ်ပြီလား"

ချောမော့ပြောကြည့်ပေမယ့် လက်မခံစွာခေါင်းအတွင်တွင်ခါနေတဲ့ကလေးငယ်

"မရဘူးး  သားတစ်ယောက်ထဲကိုပဲ ချစ်ရမှာ...အဲ့အစ်မကြီးကို ဖြတ်ပစ်လိုက်"

"...."

ပြန်မဖြေပဲငြိမ်သက်နေမိတဲ့သူ့ကို ကလေးငယ်ဟာ တစ်မျိုးထင်သွားခဲ့ပုံရသည်။

အိမ်နောက်ဘက်က ရေကန်ရှိရာဘက်ကို ပြေးသွားလို့ ခုန်ချလိုက်တဲ့ကလေးငယ်ကြောင့် သူ့နှလုံးသွေးတွေရပ်တန့်သွားသလိုပင်

ရေနစ်နေတဲ့ကလေးကို ကယ်ဖို့ ရေမကူးတတ်တဲ့သူက ရေထဲကိုခုန်ချမိသည်။

ရေကန်ဟာ အတော်အသင့်နက်တာမို့ သူ့ပါနစ်မြှုပ်ဖို့ဖြစ်လာတော့သည်။

ကလေးငယ်ကို ဖက်လို့နစ်မြှုပ်စပြုနေတဲ့သူ့ကို လက်တစ်စုံက လာဆွဲတင်သွားခဲ့သည်။

ထို့နောက်သူ့ရဲ့အာရုံတွေအားလုံးဟာ အမှောင်ကျသွားခဲ့သည်။

ပြန်နိုးလာတဲ့အချိန် သူဟာ ခုတင်တစ်ခုပေါ်မှာရောက်နေလေသည်။ဘေးမှာမြင်နေရတဲ့ကလေးငယ်ကိုပွေ့ဖက်လို့ ရှိုက်ကာငိုမိသည်။

ညီWhere stories live. Discover now