🌠Unicode🌠
ဝမ်ရိပေါ် ၂၆ နှစ်....ရှောင်းကျန့် ၁၈နှစ်
တက္ကသိုလ်ကျောင်းသားလေးဖြစ်လာတဲ့ရှောင်းကျန့်က အပျော်အပါးလေးတွေမက်လာတတ်တယ်
တစ်ခါတစ်ခါ အိမ်ပြင်ခိုးထွက်လို့ သူငယ်ချင်းတွေနဲ့လျှောက်သွားတတ်သေးသည်။Clubတို့ဘာတို့လည်းပါတာပေါ့လေ။
ဝမ်ရိပေါ်ကတော့ ကလေးထိန်းတစ်ယောက်အတိုင်းဖြစ်လို့ပင်
ရှောင်းကျန့်အပြင်ခိုးထွက်တိုင်း အမြဲပြန်ခေါ်လာရတဲ့သူဟာ ဝမ်ရိပေါ်ပဲဖြစ်ခဲ့တယ်
အရက်တွေသောက်နေတာသိလို့ ဆူလိုက်ရင်လည်းး "ကိုကိုက လူကိုအနိုင်ကျင့်တယ်...နိုင်စားတယ်"ဆိုတဲ့စကားလေးတွေကို ညီ ဟာ အခမဲ့တတ်နေလေပြီ
ဝမ်ရိပေါ်က ပါပါးရဲ့အလုပ်တွေကိုဦးစီးနေရပေမယ့် ရှောင်းကျန့်ကိုတော့ အချိန်တွေပေးကာ ဂရုစိုက်မြဲသာဖြစ်သည်။
ဇူလိုင်လ ၅ရက်နေ့
ထိုနေ့ဟာ တည်ငြိမ်နေတဲ့ သူတို့ရဲ့ ဘဝလေးကို ပြောင်းလဲသွားစေရန် အစပျိုးခဲ့တဲ့နေ့
ရှောင်းကျန့်က ကိုကို့ကို ကျောင်းလာမကြိုဖို့ သူငယ်ချင်းတွေနဲ့ပြန်မည်ဟုဖုန်းဆက်ထားလိုက်သည်။
ဆိုင်တစ်ဆိုင်မှာ ချိန်းဆိုထားခဲ့တာမို့သွားမည်အပြုမှာ ရွာချလာတဲ့မိုးတွေ
"ကျစ်...ထီးပါမလာတော့ ဒုက္ခရောက်ပြီ"
မိုးရေတွေကို ကြည့်လို့ငြီးငြူမိတုန်း ဘေးနားမှာရပ်တဲ့ ခြေထောက်သွယ်သွယ်လေးတစ်စုံ
"ဒီထီးကို ယူသွားလိုက်ပါ"
ချိုမြလွန်းတဲ့ စကားသံဝဲဝဲလေးဟာ သူ့နားစည်ကိုရိုက်ခတ်လာသည်။
သေချာကြည့်မိလိုက်တဲ့အချိန်...ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ နှင်းဆီဖူးကဲ့သို့သော နှုတ်ခမ်းပါးလေး လှပလွန်းတဲ့ခန္ဓာကိုယ်အချိုးအစားဟာ သူ့အတွက် စိတ်လှုပ်ရှားမှုကို ပေးစွမ်းရန်လုံလောက်ခဲ့သည်။
"ရပါတယ်...ယူလိုက်ရင် အဲ့ဒီဘက်ကလည်း ရေစိုသွားမှာပေါ့
"အယ်လီယာ လို့ခေါ်ပါတယ်"
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::