🌠Unicode🌠
လှပလွန်းတဲ့ ကော်ဖီဆိုင်လေးရဲ့အပြင်အဆင်တွေကြောင့် ရိပေါ်က သဘောကျမိသည်။
တစ်ဆိုင်လုံးကိုငှားကာ အလှဆင်ခဲ့ရတဲ့အကြောင်းရင်းက သူ့နဲ့ညီရဲ့ ချစ်သူသက်တမ်း ၃နှစ်မြှောက် နှစ်ပတ်လည်နေ့ကြောင့်ဖြစ်သည်။
နှစ်ထပ်ကိတ်လှလှလေးကိုပြင်လို့ ညီသိပ်ကြိုက်တဲ့ စတော်ဘယ်ရီသီးတွေကိုလည်း ကိတ်ပေါ်မှာ အလှဆင်ပေးဖြစ်သည်။
နှင်းဆီပန်းနီနီများနဲ့ဖွဲ့စည်းထားတဲ့ ပန်းစည်းလေးကိုလည်း အသင့် ထားထားမိသည်။
ညနေ ၆နာရီရှိပြီမို့ ရိပေါ်က ညီအလာကို ရင်ခုန်စွာစောင့်နေမိသည်။
ဝန်ထမ်းလေးတစ်ယောက်လာချပေးတဲ့ ကော်ဖီပူပူတစ်ခွက်ကို ခနကြည့်လိုက်ကာ မျက်ဝန်းတွေကတော့ လမ်းမထက်ကိုဦးတည်ခဲ့သည်။
၆နာရီခွဲ သွားပေမယ့် ရောက်မလာသေးတဲ့ ညီ့ကြောင့် သူမှာနေမထိထိုင်မသာစိတ်ပူနေမိသည်။
နောက်ဆုံးတော့ ညီ့ဆီကို ဖုန်းဆက်ကြည့်မိသည်။ဖြေသူမဲ့နေတဲ့ဖုန်းလေဟာ ဝမ်ရိပေါ်ကို လှောင်ပြနေသလိုပင်
~ညီ...ကိုကိုဆိုင်မှာစောင့်နေတယ်နော်~
~တစ်ခုခုဖြစ်နေတာလား~
~ကိုကို စိတ်ပူနေတယ်~
စာတွေတောက်လျှောက်ပို့နေပေမယ့် တုန့်ပြန့်မှုမရှိတဲ့အခါ ရိပေါ်ရဲ့စိတ်နှလုံးဟာ ပူလောင်နေရတော့သည်။
တစ်ဖက်ကရှောင်းကျန့်ကတော့ ရုပ်ရှင်ကြည့်ရင်းမှာပင် ကိုကိုဆီမှဝင်လာတဲ့ဖုန်းကြောင့်ကိုင်ရနိုးနိုးဖြစ်နေမိသည်။
"ရှောင်းး ဘယ်သူ့ဆီကဖုန်းလဲ..ကိုင်လိုက်လေ"
ဘေးကနေ ပြောလာတဲ့အယ်လီယာ စကားကြောင့် ဖုန်းကို အင်္ကျီအိတ်ကပ်ထဲ အမြန်ထည့်လိုက်သည်။
"ရပါတယ်...သိပ်အရေးမကြီးပါဘူးး"
"အင်းး "
ရုပ်ရှင်ပိတ်ကားရဲ့မီးရောင့်ဖြဖြအောက်မှာ မြင်နေရတဲ့ အယ်လီယာအပြုံးတွေကို ရှောင်းကျန့်က ငေးမောမိသည်။
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::