Ep.10

134 16 1
                                    

🌠Unicode🌠

ညီရဲ့မွေးနေ့မှာ ဘုရားကိုသွားလို့ကုသိုလ်တွေအတူလုပ်ဖြစ်ကြသည်။

ကြည်လင်နေတဲ့ညီ့ရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်လို့ သူကတော့ငေးမြဲငေးဆဲပါပဲ

မွေးနေ့ရှင်လေးရဲ့ စိတ်တိုင်းကြ လျှောက်လည်ပေးခဲ့ပြီး...စားချင်တာတွေကိုလည်း အတူစားပေးခဲ့သည်။

ညကြရင် supriseလုပ်ဖို့ ကိတ်မုန့်လှလှလေးလည်း မှာထားဖြစ်သည်။စတော်ဘယ်ရီ မဟုတ်တော့တဲ့ ချောကလက်ကိတ်လေးသာ။

တကယ်လည်း မွေးနေ့ကိတ်အတူခွဲဖြစ်ခဲ့ကြပါသည်။ခရင်တွေနဲ့ ညီ့မျက်နှာကိုသုတ်တဲ့အခါ စူပုတ်ပုတ်လေးနဲ့ညီဟာ ချစ်ဖို့ကောင်းနေလိုက်တာ

ရှောင်းမိသားစုဟာ တစ်ယောက်တစ်ပြန်မွေးနေ့ကိတ်တွေခွန့်နေကြပြန်သည်။

ညီ့ရဲ့ အမှတ်တရ ဓာတ်ပုံလှလှလေးတွေရိုက်ပေးဖြစ်တဲ့သူကတော့ ဝမ်ရိပေါ်ဆိုတဲ့ သူပဲပေါ့

'Ring.....'

တုန်ခါနေတဲ့ဖုန်းကိုညီကိုင်လိုက်တဲ့အခါ ရင်တမမဖြစ်နေမိသည်။

ညီရဲ့ဖုန်းသံကိုတောင် သူကြောက်တတ်လာခဲ့ပြီပဲ

*ရှောင်းးရဲ့မွေးနေ့မှာ အယ်လီယာအတူရှိပေးချင်တယ်*

*အယ်လီယာလာခဲ့ရမလားး*

*ဒါမှမဟုတ် ရှောင်း အယ်လီယာဆီလာမလား*

ဖုန်းပြောပြီးတဲ့နောက် ညီဟာ သူ့ကို မဝံ့မရဲကြည့်လာသည်။

"ဟို...အရေးကြီး ကိစ္စပေါ်လာလို့ ကိုကို... ကျွန်တော် သွားတော့မယ်"

ညီ့ရဲ့လက်ကိုဆွဲထားဖို့အင်အားဝမ်ရိပေါ်မှာမရှိခဲ့ပါ....နောင်ဖြစ်လာမယ့်အရာတွေကိုသာသိခဲ့ရင် သူဆွဲထားကြည့်မိမှာသေချာပါတယ်
____________

တစ်ညလုံးပျောက်နေတဲ့ညီဟာ...သူ့ကို စကားပြောချင်လို့ အပြင်ကနေရာတစ်ခုကို ဖုန်းဆက်လို့ ချိန်းဆိုပါသတဲ့

မပြောရင်တောင် သိနေပြီဆိုပေမယ့်....သူနာကျင်ရမယ်မှန်း သိနေပေမယ့်လည်းး ညီစကားကိုသူမငြင်းပယ်ရက်ပါဘူး

ညီWhere stories live. Discover now