Ep.9

115 13 0
                                    

🌠Unicode🌠

ရှောင်းကျန့်က သူ့ကိုအပြေးလာကြိုတဲ့အယ်လီယာ ကြောင့်ကြောင်အ သွားရသည်။

"​လှေကားပေါ်ကပြုတ်ကျတယ်ဆို"

"...."

"​အကောင်းအတိုင်းပါပဲလား"

အယ်လီယာဟာ သူ့လက်ကိုဆွဲလို့ ထိုင်ခုံ တစ်ခုမှာထိုင်စေသည်။

"ဟီးးး ဒီတိုင်းလိမ်ကြည့်လိုက်တာ...အဲ့လိုမှ မဟုတ်ရင် ရှောင်းက ဟိုလူနဲ့ရှိနေမှာမဟုတ်လား"

"ကိုယ့်ကို လိမ်တာတွေမကြိုက်ဘူး!...ပြီးတော့ ကိုကိုက နေမကောင်းဖြစ်နေတာ"

အကြည့်စူးစူးနဲ့ခပ်မာမာပြောမိလို့ထင်ပါရဲ့ အယ်လီယာက သူ့ရဲ့လက်ကို ဖြည်းညှင်းစွာဆုပ်ကိုင်လာသည်။

"တောင်းပန်ပါတယ်နော်....အယ်လီယာကလေ...ရှောင်းကိုသဝန်တိုမိလို့ ဒီတိုင်း​ညာလိုက်တာပါ...ရှောင်းကို အရမ်းချစ်လို့ဖြစ်ရတာပါ..."

"...."

"အယ်လီယာကို စိတ်မဆိုးပါနဲ့နော်...နော်လို့"

မျက်နှာလေးငယ်ပြလို့ ချွဲနေတဲ့အယ်လီယာကို သူကြာကြာစိတ်မဆိုးရက်ပါ

"အရမ်းဆိုးနေပါရောလား"

စနောက်သလို ပြုံးပြုံးလေးနဲ့ပြောလိုက်မိတော့ အယ်လီယာရဲ့အပြုံးတွေဟာ တောက်ပလာတော့သည်။

"ဟီးး ချစ်တာကိုရှောင်းရဲ့"

"ဒါနဲ့ အိမ်ကလူတွေကော"

"မရှိကြဘူးလေ...အသိမိတ်ဆွေတွေနဲ့တွေ့မလို့ဆိုလားပဲ"

"....."

စကားသံတွေ ခေတ္တတိတ်ဆိတ်ပြီးတဲ့နောက်မှာ အယ်လီယာဟာ သူ့ကိုရည်ဝေစွာကြည့်လို့ သူ့မျက်နှာနားကိုတဖြည်းဖြည်းတိုးကပ်လာသည်။

နှုတ်ခမ်းနှစ်ခုထိလုဆဲဆဲမှာပင် သူရှောင်လွှဲလိုက်မိသည်။

မျက်နှာပျက်သွားတဲ့အယ်လီယာကြောင့် သူတကယ်ပြာယာခတ်သွားမိသည်။

"sorryပါ အယ်လီယာ...ကိုယ်...အဆင်သင့်မဖြစ်သေးလို့ပါ"

"အင်းး ရပါတယ်...အယ်လီယာ စောင့်နိုင်ပါတယ်"

ညီWhere stories live. Discover now