🌠Unicode🌠
"ကိုကို....ကျွန်တော်သေတော့မယ်ထင်တယ်"
ကျောင်းဝတ်စုံလေးနဲ့ ဝမ်အိမ်တော်ထိရောက်လာတဲ့ ညီ ကြောင့် ဝမ်ရိပေါ်က အံ့သြတကြီးပင်
"ဘာတွေလျှောက်ပြောနေတာလဲ....လွဲပါစေ ဖယ်ပါစေ"
"ကျောင်းမှာ ကာယဆရာပေါ့ လေ့ကျင့်ခန်းတွေအများကြီးလုပ်ခိုင်းတာ ခြေထောက်တွေညောင်းလို့ သေတော့မယ်"
စူပုတ်ပြီးပြောနေတဲ့ သူ့ရဲ့ချစ်မွှေးလေးဟာ အသည်းယားစရာကောင်းလွန်းလှသည်။
"ဟုတ်ပါပြီ...လာ...ကိုကိုက ခြေထောက်တွေကို နှိပ်ပေးမယ်နော်"
"ဟာ...မရပါဘူးးး ငရဲကြီးမှာပေါ့"
လက်တကာကာနဲ့ငြင်းနေတဲ့ကောင်လးကို ဆိုဖာပေါ်မှာအတင်းထိုင်ခိုင်းလို့ သူကတော့ ကြမ်းပြင်မှာထိုင်ချလိုက်သည်။
"ငရဲမကြီးပါဘူးး ကိုကိုကလုပ်ပေးချင်တာလေ"
"...."
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အကြည့်ခံနေတာကြောင့် ဝမ်ရိပေါ်ရဲ့ ရင်တွေက တဒိတ်ဒိတ်နှင့်သာ
သူ့ရဲ့ပေါင်ပေါ်ကို ညီ့ရဲ့ခြေထောက်နုနုလေးတွေကိုဆွဲတင်လို့ နှိပ်နယ်ပေးလိုက်သည်။
"ဖြည်းဖြည်းပဲနှိပ်ပေးမယ်နော်...ညီ့ခြေထောက်လေးတွေက နုနုနယ်နယ်ရယ်...တော်ကြာ အရာတွေထင်ကုန်မှာစိုးတယ်"
"ဟီးးး ကိုကိုကတော့လေ အရမ်းပိုတာပဲ"
ပခုံးကိုလက်သီးလာထုလို့ ရယ်ရယ်မောမောပြောလာတဲ့ ညီ့ကို သူသဘောကျစွာကြည့်နေမိသည်။
"ကိုကိုကတော့ ပိုတယ်လို့မထင်ပါဘူးးး ကိုကိုချစ်နိုင်သမျှအထိ ညီ့ကို အစွမ်းကုန်ချစ်ပေးဦးမှာ"
"ဒီလူကြီး တော်တော်ချွေတတ်တာပဲနော်"
အတန်ကြာနှိပ်ပြီးတဲ့နောက်မှာ ညီ့ရဲ့အသံကိုမကြားရတာကြောင့် မော့ကြည့်မိတော့ ယုန်ဆိုးလေးဟာအိပ်နေရှာလေပြီ
မနိုးစေရန် ဖြေးဖြေးလေးပွေ့ချီလို့ အပေါ်ထပ်က သူ့အိပ်ခန်းထဲကို ခေါ်လာခဲ့လိုက်သည်။
YOU ARE READING
ညီ
Fanfictionဘဝရဲ့ ချိုမြိန်ခါးသက်မှုတွေကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့ (ဘဝရဲ့ ခ်ိဳၿမိန္ခါးသက္မႈေတြကို အဓိပ္ပါယ်ဖွင့်ဆိုမိတော့ ရလာတဲ့အဖြေလေးက..'ညီ'ပါတဲ့) Start::20.10.2024 End ::