အိမ်ပြန်လာသည့်လမ်းလျှောက်တွင်မောင်ဘယ်သူ့ကိုမှစကားမပြောပတ်ဝန်းကျင်ကိုသာငေးမောလျက်ရှိသည်။မုန်းသည်ဟုအသားကုန်ကြွေးကြော်ခဲ့သော်လည်းမုန်းလားမမုန်းလားဆိုတာကိုတော့ကိုယ့်ကိုကိုယ်သာအသိဆုံးဖြစ်ပေသည်။
အိမ်ပြန်ရောက်သည့်နေ့မှစ၍မောင်သည်တခြားတစ်ယောက်လိုပြောင်းလဲသွားတော့သည်။မာမီနဲ့
ဒယ်ဒီ့ကိုလည်းအရင်လိုအပူကပ်မနေတော့ပေ။စကားကိုလည်းမေးတစ်ခွန်းဖြေတစ်ခွန်းသာရှိတော့သည်။ထို့အပြင်အရယ်အပြုံးများပင်ပျောက်ကွယ်သွားတော့သည်။ပြန်ရောက်သည့်နေမှစ၍
ဒယ်ဒီ့အလုပ်အားဝင်လုပ်ကာနေ့ရောညပါအလုပ်ထဲကိုစိတ်နှစ်ထားခဲ့သည်။ဘာမှအရည်အချင်းမရှိတဲ့သူဆိုတဲ့စကားကလဲနားထဲတွင်အခုထိကြားယောင်နေဆဲပင်။တခုခုကိုတစ်စိုက်မတ်မတ်အာရုံထည့်ထားခဲ့ရင်မေ့သွားလိမ့်မည်ဟုထင်ထားခဲ့သော်လည်းဘယ်လိုမှမေ့မသွားခဲ့ပေ။သူများလက်ထဲတွင်ပျော်နေတဲ့အန်တီ့ပုံရိပ်အားမြင်ယောင်လာတိုင်း............
" အားးးးးးး ရင်ထဲတွင်တင်းကြပ်လာသောခံစားချက် "
နေ့ဘက်တွေတော့ကုမ္ပဏီတွင်သာအချိန်ကုန်၍ညဘက်တွင်တော့တိုက်ခန်းတွင်အချိန်ကုန်လေ့ရှိသည်။မောင့်ရှေ့မှသဲအိတ်မှာလည်းဘယ်လောက်တောင်ထိုးလိုက်မိလဲမသိအိတ်ပေါက်ကာသဲများပင်လျှံကျလာလေသည်။လက်အိတ်ကိုချွတ်ကာဆိုဖာပေါ်တွင်ဝင်ထိုင်ရင်းလက်ကျန်အရက်ပုလင်းအားကောက်မော့လိုက်လေသည်။
ဟုတ်ပါရဲ့မောင့်ရဲ့နေ့စဉ်ဘဝသည်ယခုလိုပင်ဖြစ်နေတော့သည်။အရင်ကနက်မှောင်သောဆံကေသာများသည်ယခုချိန်တွင်ခဲပြာရောင်အပြည့်။အခန်းထဲတွင်ဘီယာဘူးခွံများနှင့်ဆေးလိပ်ဘူးခွံများမှာအများအပြားပျံ့ကြဲနေလေသည်။နှစ်ငုံစာလောက်သာကျန်သောအရက်ပုလင်းအော့ကောက်မော့ချိန်မောင့်လက်အားလှမ်းတားလိုက်သောလက်တစ်စုံ....
" သောက်နေပြန်ပြီလားမောင်ရယ် မမရောက်လာလို့တော်သေးတာပေါ့မဟုတ်ရင်ဘယ်လောက်ထိသောက်နေဦးမလဲမသိ။အခန်းထဲလဲရှုပ်ပွနေတာပဲမမရှင်းထားလိုက်မယ် သွား ရေသွားချိုးချေ "