Ch 5

271 22 6
                                    

(Unicode)

offroadတစ်ယောက် ပိတ်ရက်မှာ သွားစရာမရှိသဖြင့် အခန်းတွင်သာအချိန်ကုန်နေခဲ့သည် တစ်နေ့10ကြိမ်မက လာရှာတတ်သော တစ်စုံတစ်ယောက်အားလည်း မတွေ့ရတာ ရက်အနည်းငယ်တောင်ရှိနေပြီဖြစ်သည့်အကြောင်းတွေးမိပြီး 'ဒီလိုကြတော့လည်း နားအေးသွားတာ‌ပဲ သူ့အိမ်များပြန်သွားပြီလားမသိဘူး နှုတ်တောင်မဆက်သွားဘူး' တော်စမ်း တော်စမ်း သူ့အကြောင်းတွေးနေတာအခုရပ်
***

"Daouပြောပါအုံး ဟိန်းခန့်အခန်းအပေါ်ထပ်က ကောင်လေးဆိုလား မင်းလိုက်နေတာဆို"

သူရိန်မှdaouကိုစပ်စုလိုက်ခြင်းပင်
သူရိန်သည်baristaတစ်ယောက်ဖြစ်ပြီး အခုလေးယောက်ဆုံနေသည့်နေရာသည် သူရိန်၏coffeeဆိုင်တွင်ဖြစ်သည်

"အေး"

"ဟိန်းခန့်ပြောတာ မင်းအငြင်းခံထားရတာဆို"

"မဟုတ်ပါဘူး"

"ဘာမဟုတ်တာလဲ အဲ့ကောင်လေးကဖြင့် သူ့ကိုဂရုတောင်မစိုက်ဘူး ငါ့ဆီနေတုန်းက ငါ့အခန်းမှာထက် အဲ့ကောင်လေးအခန်းရှေ့သွားချောင်းတာကခပ်များများကွာ ဟိုကအရေးလုပ်ပုံမပေါ်ပါဘူး ဒါနဲ့မင်းအိမ်မှာ သူဂိုက်ပြနေတာမလား တွေ့ပြီးကြပြီလား မင်းအိမ်မှန်းသိပြီးထွက်ပြေးသွားပြီမလား"

ဟိန်းခန့်မှမေးလိုက်ခြင်းဖြစ်သည် ဟိန်းခန့်ကတော့marketing managerတစ်ယောက်ဖြစ်သည် ဒါပေမဲ့ လေးယောက်ထဲမှာအတုံးဆုံး အအဆုံးဆိုလည်းမမှားပေ

"မပြေးသေးဘူး ငါနဲ့မတွေ့ရသေးဘူး"

"သူအိမ်လာတဲ့အချိန်မင်းဘယ်ပြေးပုန်းနေလို့လဲ"

"အိမ်ရှေ့ငုတ်တုတ်ထိုင်နေတာလေ"

"အဲ့တာတောင်မတွေ့ကြဘူးလား"

"ရွဲ့ပြောနေတာ ငါအခန်းထဲကမထွက်လို့မတွေ့ကြသေးဘူး"

"ဟိုကထွက်ပြေးသွားမှာကြောက်လို့နေမှာပေါ့"

သုတမှဝင်ပြောလိုက်သည် သုတက အဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်ပြီးphotographyတစ်ယောက်ဖြစ်သည် ပြီးတော့သူရိန်ကိုစိတ်ဝင်စားနေခြင်းဖြစ်ပြီး သူကိုယ်တိုင်မှလွဲအခြားဘယ်သူမှမသိကြပေ

ကိုယ့်အပိုင် (ongoing)Where stories live. Discover now