Ch 2

416 21 4
                                    

(Unicode)

"Daou ဘာလို့အခုထိရောက်မလာသေးတာလဲ မသိဘူး"

"အေးလို့ သူပဲကဲကြမယ်ဆိုပြီး ချိန်းထားပြီး"

"ဖုန်းဆက်ကြည့်လိုက်အုံး"

Barတွင်ရောက်နှင့်နေကြသောသူရိန်၊ ဟိန်းခန့်၊ သုတ တို့သုံးယောက်ထံမှ သူငယ်ချင်းကြီးDaouမရောက်လာသေး၍ ညီးညူပြောဆိုနေကြခြင်းပင်

တီ...

"ဟယ်လို"

"အေး ပြော"

"မင်း မလာသေးဘူးလား Daou"

"ဘယ်ကိုလဲ"

"မင်းပဲ ငါတို့နဲ့ barမှာကဲကြမယ်ဆိုပြီးချိန်းထားတာလေ ငါတို့စောင့်နေကြတာ တစ်နာရီနီးပါးရှိနေပြီ"

"အာ ဟုတ်သား ငါမေ့သွားတယ်"

"ဘာကိစ္စရှိလို့ ချိန်းထားတာတောင်မေ့ရတာလဲ"

"ဖားသားကြီးနဲ့ကွိုင်တက်ပြီး အိမ်ပေါ်ကဆင်းလာတာ‌"

"ဘယ်လို ဖြစ်ကြတာလဲ"

"ငါရောက်ရင်ပြောပြမယ် အခုလာပြီ ဒါပဲ"

အိမ်ကဆင်းလာပြီးဦးတည်ရာမရှိကားပတ်မောင်းနေရာမှဟိန်းခန့်ဖုန်းဆက်ခေါ်မှ ချိန်းထားကြတဲ့အကြောင်း ပြန်လည်သတိရခြင်းဖြစ်သည်

"ဘာတဲ့လဲ"

"ငါတို့နဲ့ချိန်းထားတာကိုမေ့သွားတာတဲ့ ဖုန်းမဆက်ရင် အဲ့ကောင် ရောက်လာမှာကိုမဟုတ်ဘူး"

"မေ့ရအောင် သူပဲချိန်းထားတာကို"

"သူ့အိမ်နဲ့ကွိုင်တက်ပြီး အိမ်ကဆင်းလာတာတဲ့"

"ဘာဖြစ်လို့လဲ"

"ဘယ်သိမလဲ သူလာမှမေးကြည့်"

***

မိနစ်20ခန့်ကြာသော်

"ဟိုမှာ မင်းသားလေးရောက်လာပါပြီ"

"စောင့်ရတာကြာသွားကြလား"

"မေးသေးသားပဲ"

"sorryကွာ ခေါင်းရှုပ်ပြီးမေ့သွားလို့"

"ကဲ ပြောတော့ ဘယ်လိုဖြစ်လို့အိမ်ကဆင်းလာတာလဲ"

"အေး ဒီလိုကွာ ငါမင်းတို့ဆီလာဖို့အထွက်မှာ ပြဿနာဖြစ်တာပဲ ငါ့ကို ဘယ်လဲ ဘာညာလာမေးလို့ ငါကလည်း သူ့မယားပါသားကိုသာ ဂရုစိုက်လိုက် ငါ့ကိုလာပြီးဂရုစိုက်ချင်ယောင်ဆောင်မနေနဲ့လို့ပြောလိုက်တာ အဲ့မှာငါ့ကိုဆွဲထိုးတယ်လေ ပြီးတော့ သူ့အိမ်ကထွက်သွားတဲ့ အဲ့တာနဲ့ ငါလည်းသိပ်နေချင်နေတာမဟုတ်ဘူးပြောပြီးထွက်လာတာပဲ"

ကိုယ့်အပိုင် (ongoing)Where stories live. Discover now