Ch 4

262 28 7
                                    

(Unicode)

"အကို ဘာလို့ဝင်လာတာလဲ"

"……"

offroadတံခါးပိတ်မည်ကိုဆွဲတားလိုက်ပြီး အခန်းထဲသို့တိုးဝင်ရောက်‌လာသော daouတစ်ယောက်

"အကို ...."

daouဘက်က ဘာမှပြန်မဖြေခဲ့

"အ့... အကိုဘာလုပ်တာလဲ"

ရုတ်တရက်offroadကို ကုတင်ပေါ်သို့တွဲလှဲချပစ်လိုက်သောdaou

"လှတယ် မင်းကပုလဲလုံးလေးလိုကိုလှတာ"

စကားပြောနေရင်း offroadမျက်နှာကိုပွတ်သပ်နေသောdaou၏လက်တစ်စုံကြောင့် offroadလန့်သွားခဲ့သည်

"အကို ဘာလုပ်တာလဲ ဖယ်.."

"နမ်းလို့ရလား"

"……"

တဖြေးဖြေး daouမျက်နှာသည် offroadနားကပ်လာကာ နှုတ်ခမ်းသားအချင်းချင်းထိကပ်ဖို့ နှစ်လက်မခန့်အလိုလောက်မှာ

ဖြန်း

"ခင်ဗျား မမိုက်ရိုင်းနဲ့ ကျွန်တော့်ကို ဘယ်လိုအတန်းစားများမှတ်နေလဲ"

လျှင်မြန်လှသောoffroadလက်က နမ်းဖို့ကြံနေသောdaou၏ပါးကို ဆွဲရိုက်လိုက်သည် ရိုက်ချက်သည်အားအရမ်းမပါပေမဲ့အနည်းငယ်တော့နာကျင်သွားရမည်

"ကိုယ့်ကိုရိုက်တယ်"

"ထွက်သွား"

"ကိုယ်.. "

"ဘယ်မှမပြောနဲ့ မကြားချင်ဘူး ထွက်သွားး"

"ကိုယ် မင်းကိုစိတ်ဝင်စားတယ်"

"ကျွန်တော်က ယောင်္ကျားလေး"

"သိတယ် မင်းယောင်္ကျားလေးဖြစ်လည်း ကိုယ်ဂရုမစိုက်ဘူး"

"ကျွန်တော်ကတော့ ဂရုစိုက်တယ် ထွက်သွား ကျွန်တော့်အခန်းထဲက"

"မသွားဘူး ကိုယ့်ကိုမအော်နဲ့"

"အော်တယ် အော်တယ် ထွက်သွားး"

"ကိုယ်ဘာမှမလုပ်ရသေးဘူးလေ ဘာလို့အဲ့လောက်စိတ်တိုနေတာလဲ"

"ခင်ဗျားး.."

သူတစ်ခုခုလုပ်တာခံပြီးမှ ဒေါသထွက်ရမည့်အတိုင်းပြောနေသောသူကြောင့်ပိုလို့ပင်‌ဒေါသထွက်မိ
အင်အားမမျှပေမဲ့ daouကိုအခန်းထဲမှ အပြင်သို့ အားအကုန်သုံးကာ တွန်းထုတ်လိုက်ပြီး တံခါးဆွဲပိတ်လိုက်သည်

ကိုယ့်အပိုင် (ongoing)Where stories live. Discover now