Ch 10

147 21 7
                                    

(Unicode)

"ဟေ့ကောင် သူရိန်မူးနေပြီလား"

"နိုးးး မမူးသေးဘူး ဟိန်းခန့်"

"ငါဟိန်းခန့်မဟုတ်ဘူး သုတ သုတ မင်းမူးနေပြီပဲ တော်တော့ ပြန်ကြစို့"

"မပြန်သေးဘူး အခုမှ ပါတီပွဲစတာကို"

"8နာရီရှိနေပြီ ငါတို့ရောက်နေတာကြာလှပြီ"

"အေးဆေးပေါ့ သုတကလည်း အစောကြီးပဲ ဘယ်သူမှမပြန်ကြသေးဘူး ကြည့် အကုန်ကဲနေကြတာ"

ဟိန်းခန့်နဲ့ daouနှစ်ကောင်လုံး ဘယ်ပျောက်သွားကြလဲမသိဘူး သူရိန်ကိုထိန်းမယ်မရှိဘူး ငါပဲလိုက်ထိန်းနေရတယ်။

ဝေါ့!
သူရိန်တစ်ယောက် သုတအဝတ်အစားပေါ်အန်ချလိုက်သည်

"သူရိန်ရာ ငါ့အင်္ကျီပေါ်ကြီးကိုကွာ"

"sorry sorry"

"လာပြန်မယ်"

"နိုးးး"

သုတ မူးနေသောသူရိန်ကို လက်မောင်းကနေဆွဲကာ အပြင်ခေါ်ထုတ်လာခဲ့သည်

"ဘယ်လဲ မပြန်သေးပါဘူးဆို"

"ပြန်မယ်"

"နေအုံး မကိုနှုတ်ဆက်လိုက်အုံးမယ်"

"မင်းမပြန်လည်းနေခဲ့ ငါပြန်ပြီနော်"

"နေခဲ့မယ်"

အထဲပြန်ဝင်မလို့လုပ်နေသော သူရိန်အားလှမ်းဆွဲလိုက်ပြီး ခြေထောက်ကနေ မကာကောက်ချီလိုက်သည်

"ဘာလုပ်တာလဲ အောက်ချစမ်း ဟေ့ကောင်"

မချပေးဘဲ ကားဆီသို့သာ ခေါ်လာခဲ့သည်

"ငြိမ်ငြိမ်နေ ပြန်မယ်"

"မပြန်ဘူး အထဲပြန်သွားမယ်"

ပြွတ်စ်!!!

"အွန့် ...ဘာ ဘာလုပ်တာလဲ"

"နားငြီးလို့နမ်းတာ"

"မင်း.. မင်း ငါ့ကြိုက်နေတာလား ငါဂေးမ‌ဟုတ်ဘူး ငါ့မှာ မရှိတယ်"

"ထပ်စကားများရင် နမ်းတာထက်ပိုလာမယ် ငြိမ်ငြိမ်လေးနေ"

သူရိန်တစ်ယောက်ငြိမ်ကျသွားလေသည်
***

သုတ သူ့အိမ်သို့မောင်းလာခဲ့သည်

"ငါ့အိမ်ပို့ပေးလေ"

ကိုယ့်အပိုင် (ongoing)Where stories live. Discover now