Ch 9

174 24 7
                                    

(Unicode)

"offroad.."

"ဖယ်"

"ကိုယ်တောင်းပန်ပါတယ် အဲ့နေ့က မင်းကိုအခြားကောင်နဲ့ရီမောနေတာ တွေ့လိုက်ရလို့ စိတ်လွတ်သွားတာပါ"

"ခင်‌ဗျားက အမြဲ လုပ်ချင်ရာလုပ်ပြီးမှတောင်းပန်တတ်တဲ့သူမျိုးပဲ ကျွန်တော်ကခင်‌ဗျားရည်းစားလည်းမဟုတ်သလို ခင်ဗျားအပိုင်လည်းမဟုတ်ဘူး ဒါကိုဘာလို့ကျွန်တော့်အပေါ် ဒီလိုလာဆက်ဆံနေရတာလဲ"

"ကိုယ့်အပိုင် မင်းကကိုယ့်အပိုင်ပဲ offroad မင်းကို ကိုယ်လက်မလွှတ်နိုင်ဘူး သိပ်ချစ်တယ် ချစ်တယ်ဆိုတာထက်ကိုပိုတယ် ပိုင်ဆိုင်ချင်တယ် ကိုယ့်အနားမှာပဲထာဝရနေပေးပါ"

"ကျွန်တော်ကအရုပ်တစ်ရုပ်မဟုတ်ဘူး လူတစ်ယောက်"

"တောင်းပန်ပါတယ် ကိုယ်ဒူးထောက်ပြီးတောင်းပန်ပါတယ်"

"အရာရာနောက်ကျခဲ့ပြီ ကျွန်တော့်မှာရည်းစားရှိနေပြီ"

"ဘာ!!"

"ဟုတ်တယ် ကျွန်တော့်မှာကောင်မလေးရှိတယ် ဒါ့ကြောင့်မနှောက်ယှက်နဲ့တော့"

"မဟုတ်ဘူး မင်းလိမ်နေတာ"

"မလိမ်ဘူး လွှတ်နော် လက်ကို"

"မင်းမှာကောင်မလေးရှိလည်း ဂရုမစိုက်ဘူးကွာ"

ပြွတ်စ်!!

"ဟယ် ဘဘကြီးရေ ဘဘကြီး"

မိတင်တစ်ယောက် အပေါ်ထပ်ကိုသန့်ရှင်းရေးလုပ်မလို့တက်အလာ အကိုလေးနဲ့ဂိုက်ဆရာလေး နမ်းနေကြသည်ကိုမြင်လိုက်မိတယ်

"မိတင် ဘာဖြစ်တာလဲ"

"ဘဘကြီး အကိုလေးနဲ့ဂိုက်ဆရာလေး..."

"ကျွန်တော်တို့နမ်းနေကြတာ ဘာဖြစ်လဲ"

"daou မင်းနဲ့offroadနဲ့က.."

"မဟုတ်ဘူး ဦးလေး.. ဒီလိုဖြစ်လက်စနဲ့တစ်ခါတည်းပြောလိုက်တော့မယ် ကျွန်တော်အလုပ်ထွက်တာ ဦးလေးသားကြောင့်ပဲ ကျွန်တော့်ကိုလိုက်နှောင့်ယှက်နေလို့"

"Daou! offroadပြောတာအမှန်တွေလား"

"ကျွန်တော် ချစ်လို့လိုက်တာ နှောင့်ယှက်တာဖြစ်သွားရောလား"

ကိုယ့်အပိုင် (ongoing)Where stories live. Discover now