Chapter 3 (uni)

4.8K 145 0
                                    

ဒီနေ့ သွင်နဲ့အတူတူကျောင်းတက်ဖို့ ဓန တွေးထားသည်။သွင်တို့အိမ်နဲ့အိမ်ကပ်ရပ်လေးပဲရှိနေတာမို့ သူနဲ့အတူတူသွားစေမည်။ပြန်လာရင်လည်းအတူတူပြန်လာမည်လို့တွေးထားသည်။

"ကလင် ကလင်"

"ဟော သမီးလေး ဘယ်သူလဲကွယ် အိမ်ရှေ့မှာစက်ဘီးလေးနဲ့"

"ရှင်"

သွင်ကျောင်းသားဝတ်စုံမြန်မြန်လဲဝတ်ကာ ဆံပင်လိပ်လေးတွေကိုထုံးထားလိုက်သည်။ပြီးနောက်ထမင်းချိုင့်ဆွဲကာ အိမ်ရှေ့မြန်မြန်ထွက်ခဲ့၏။

"သူငယ်ချင်းလာကြိုတာမေမေ"

"ဟုတ်လား ဒါဆိုသမီးလေးကသူငယ်ချင်းအသစ်ရသွားပြီပေါ့နော်"

"ဟုတ် မေမေ"

"ယောက်ျားလေးတဲ့လား"

"အာ သူကစိတ်ရင်းကောင်းပါတယ်မေမေရဲ့ သမီူကိုဟိုနေ့ကဈေးလိုက်ပို့ပေးတာလဲသူပဲလေ"

"အော် ဒါဆိုဖြည်းဖြည်းနင်းသွားကြနော်သမီးလေး"

"ဟုတ် မေမေ"

"ဘုရား ရှိခိုးသွားဦး"

သွင်လွယ်အိတ်နဲ့ထမင်းချိုင့်ကိုဘေးချလိုက်ပြီး ဦးသုံးကြိမ်ချကာ ရှိခိုးလိုက်ပြီးခြံရေီ့ထွက်ခဲ့တော့ လူဆိုးကောင်က လက်ကလေးပိုက်ကာကျောပိုးအိတ်ကိုတစောင်းလွာ်ထားပြီးသူ့ကိုစောင့်နေ၏။

"ကြာသွားလား"

"မကြာပါဘူး တက် သွားရအောင်"

"အင်း"

သွင် စက်ဘီးပေါ်တက်ထိုင်လိုက်ပြီးဘေးစောင်းထိုင်ကာစီးလိုက်သည်နှင့်စက်ဘီးလေးက‌တရွေ့ရွေ့နှင့်ကျောင်းတော်ကြီးဆီလာခဲ့ကြသည်။သူကဆယ်တန်းအဆောင်မို့ သွင်နဲ့မတူတာကြောင့် ကျောင်းရှေ့မှာချပေးခဲ့ပြီး သူကတော့သူသွားရမဲ့အဆောင်ဆီစက်ဘီးကိုဖြည်းဖြည်းချင်းနင်းသွားသည်။

နေပါဦး ဓန မာမီကပိုးထည်ဆိုင်လေးကျန်သေးတယ်ဆိုပြီး ခုထိဆိုင်မသွားသေးပါလား။ဆိုင်ကိုသွားကြည့်ဦးမှဟြဆိုကာစက်ဘီးကိုတခြားလမ်းဘက်ပြန်လှည့်ပြီး ကွေ့ကာထွက်သွားတော့သည်။

𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬  "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now