အခန်းထဲကနေရောင်ခြည်နွေးနွေးလေးကြောင့် သွင်နိုးလာ၏။ညကအိပ်တာညနက်တာမို့ မနက်7နာရီထိအိပ်ပျော်သွားမိခြင်း။ကျပ်သိပ်နေတဲ့နေရာတစ်ခုကိုရောက်နေတာသတိထားမိတော့ သွင် မျက်လုံးလေးဖွင့်ကြည့်လိုက်သည်။
*ဘုရားရေ ညက ဒီတ်ုင်းကြီးအိပ်ပေျာ်သွားခဲ့တာလား*
သွင့်ခန္ဓာကိုယ်လေးကိုလွတ်ထွက်သွားမှာစိုးသည့်အလား ဓနက ဖက်ထားတာကြောင့် သွင်ရုန်းထွက်လိုက်သည်။
"သွင် ငြိမ်ငြိမ်နေကွာ"
"ဘာငြိမ်ငြိမ်နေလဲ ဘယ်နှနာရီရိနေပြီးလဲသိရဲ့လား ထတော့ ရှက်ညကအိမ်မပြန်ဘူး အန်တီတို့စိတ်ပူနေလိမ့်မယ်"
"ရတယ် မာမီတို့နားလည်တယ်"
"မရဘူးနော် ကျွန်မဒီနေ့ ကျောင်းသွားရဦးမှာ ညနေကျောင်းဆင်းမှလာကူပေးနိုင်တော့မယ် အန်တီတို့ကိုပြောပေးထားဦး"
"အင်း ကိုယ်ပြောလိုက်မယ်"
"အဲ့တာဆိုထလေလို့ ဖြန်း ဖြန်း"
သွင် သူ့လက်မောင်းလေးကိုရိုက်ကာထခိုင်းပေမဲ့ဓနမျက်လုံးကဖွင့်မလာချေ။သွင်လည်းသူခဏတော့အိပ်နေပါစေဆ်ုပြီး ထလာခဲ့တော့
"အမလေး"
"ဝုန်း"
"အ"
ဓနကသွင့်လက်လေးတွေကိုဆွဲထားပြီး အိပ်ယာပေါ်ပြန်ဆွဲခိလိုက်တာမို့ သွင်အိပ်ယာပေါ်ပြန်ပစ်လဲသွားသည်။
"ကျစ် ဓန အဲ့လိုမဆွဲနဲ့လေ ဒီမှာဆံပင်တွေထိုင်မိကုန်တယ် နာတယ်"
"ဉုံဖွ ဉုံဖွ ကိုယ်မေ့သွားတာဆောရီး"
နာသွားတဲ့နေရာလေးကို လက်နဲ့အသာလေးပုတ်ပေးတော့ သွင်ကငြိမ်ခံသည်။မနက်ခင်းရဲ့အလှတရားကသူများတွေအတွက် နေထွက်ချိန်ဖြစ်ချင်ဖြစ်လိမ့်မယ် ဒါပေမဲ့ ဓနအတွက်တော့ သွင်ဟာ ရှုမငြီးတဲ့မနက်ခင်းအလှအပလေးပါပဲ။သွင်ဝတ်ထားတဲ့စပန့်ဂါဝန်လေးက အောက်ပိုင်းနားလေးတွန့်နေပြီး ဆံပင်ရှည်လေးတွေကိုညအိပ်ချိန်မှာဖြည်ချထားတာကြောင့်ဖြောင့်စင်းနေသည်။ငယ်ငယ်ကအခွေလိပ်လေးတွေကိုသွင်ကပြန်ဖြောင့်ထားခြင်းဖြစ်မည်။ဆံပင်ကအုံထူတာကြောင့် အလိပ်လေးနဲ့လှပေမဲ့ထိန်းသိမ်းရခက်မှာပင်။မျက်နှာမသစ်ရသေးပေမဲ့ သွင့်မျက်နှာလေးကဖွေးဉနေ၏။နဖူးပေါ်ကျနေတဲ့ဆံပင်တချို့ကို ဓနက သပ်ပေးလိုက်ပြီး

YOU ARE READING
𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬 "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Roman d'amour"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်" ဓနရှင် + ညို့ပန်းသွင်(warning)