ဆရာဝန်ရောက်လာကာ စစ်ဆေးပေးတော့ ကိုယ်ဝန်၂ပတ်ကျော်ရှိနေပြီးဆိုတာကြောင့် တစ်မိသားစုလုံးက ဝမ်းသာသွားကြသလို သမီးလေးကလည်း မောင်မောင်လေး ရတော့မယ်ဆိုပြီးပျော်နေလေရဲ့။
"ကျွတ် ကျွတ်"
"သွင် ရရဲ့လား"
"အင်း ဘာဖြစ်သွားတာလဲ"
"ဘေစင်နားမှာ သွင်လဲကျသွားတာလေ မှတ်မိလား"
"အင်း"
"အဲ့တာ..."
".........."
"ကိုယ်ဝန်ရှိနေတာတဲ့ ၂ပတ်ကျော်နေပြီးတဲ့"
"........."
သွင် သက်ပြင်းလေးကို သာသာလေးချလိုက်ကာ ဗိုက်ကလေးကိုပွတ်သပ်လိုက်သည်။သမီးလေးအထီးကျန်မှာစိုးလို့ နောက်တစ်ယောက်ထပ်ယူဖို့ကို လင်မယားနှစ်ယောက်လုံးသဘောတူလက်ခံထားတာဖြစ်သည်။ခုတော့ အိမ်မက်ထဲကအတိုင်း ကလေးကသူမဆီရောက်လာခဲ့တာပဲ။
သွင် တစ်ခုခုကိုတွေးကာပြုံးနေတာက်ုတွေ့ပြီးမှ ဓနရင်ထဲကအလုံးကြီးကျသွား၏။အစက ကလေးထပ်ယူဖို့လင်မယားနှစ်ယောက် တိုင်ပင်ထားပေမဲ့ အခုလိုအစောကြီးရမယ်လို့ထင်မထားတာကြောင့် သွင် လျှော့ရသွားမှာစိုးရိမ်တာလဲပါသည်။သို့ပေမဲ့ သွင့်အခြေအနေက မျှော်လင့်တာထက် ရလဒ်ကောင်းတာမို့ ကျေနပ်မိသွားသည်။
"သမီးလေး မေမေ့အနားကိုသွားလိုက်ပါဦး မေမေ့ဗိုက်ထဲမှာ ကလေးလေးရှိနေတယ်တဲ့"
ဓနပြောတော့ သမီးလေးက သွင့်အနားကိုလာကာ လက်တုတ်တုတ်လေးနဲ့ သွင့်ဗိုက်ကလေးကိုထိတွေ့လာပြီး...
"ဟုတ်ယား မေမေ ကထဲမှာ ကယေးယေးရှိနေတာယားး"
"အင်းပေါ့သမီးလေးရဲ့ မေမေ့ဗိုက်ထဲမှာ ကလေးလေးရောက်နေတာလေ သမီးလေးအတွက် အဖော်ရပြီး အဟင်း"
သမီး ခေါင်းလေးကို ပွတ်ကာ သွင်ပြောပြတော့ သမီးက ဟီးကနဲရယ်ကာ သူ့ရင်ခွင်ထဲတိုးဝှေ့လာတော့ ပွေ့ဖက်ထားပေးလိုက်သည်။
သွင့်အပြုံးတွေက အရင်ကလို မဟုတ်ပဲ နွမ်းလျနေတာမို့ သွင့်အတွက်ဓနစိုးရိမ်မိလာသည်။သူဘာမှားသွားလို့လဲ။သွင်ကဘယ်လိုဖြစ်သွားတာလဲ သူစဉ်းစားလို့မရအောင်ကိုခေါင်ခြောက်နေပြီးဖြစ်သည်။ဒီညနေ သွင့်စကားကိုကြားယောင်ပြီး ဓနရင်ထဲမှာ ဒိန်းကနဲ။သွင်က သူနဲ့သမီးကို ဘယ်လိုတွေးထားလိုက်တာလဲ။သူ့ကိုယ်သူအရေးမပါသလိုထင်ပြီး စိတ်အားငယ်သွားပုံရတာမို့ ဓနမျက်နှာပျက်ကာ ချွေးတွေတို့လာတော့သည်။

YOU ARE READING
𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬 "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်" ဓနရှင် + ညို့ပန်းသွင်(warning)