Part 13 (zawgyi)

37 0 0
                                    

ည၈နာရီလောက်မှာ တရားပွဲစပြီး အလှူငွေတွေကို ကပ္ပိယကြီးကိုအပ်လိုက်ကြသည်။ပြီးမှသွင်တို့လည်း ထိုင်ရမဲ့နေရာမှာဝင်ထိုင်လိုက်ကြသည်။ခဏဏကြာတော့သွင့်ကို ဓနက လာခေါ်တာမို့။

"ဘယ်လဲ ဓန ဒီမှာတရားနာတော့မှာလေ"

"အဟင်း မာမီခေါ်ခိုင်းလိုက်လို့ပါသွင်ရဲ့"

ဓနကပြောပြောဆိုဆို သွင့်ကိုဆွဲခေါ်သွားပြီး ဒေါ်မေရှင်းတို့နားရောက်တော့ ဒယ်ဒီနဲ့မာမီကိုပြုံးပြကာထိုင်လိုက်ကြသည်။

"ဘာလို့ ခေါ်လာတာလဲ သွင်က အနောက်မှာထိုင်လည်းဖြစ်ပါတယ်"

ဓနကိုကြိတ်ဆူနေတာကို ဓနမာမီက ကြားသွားပြီး သွင့်ကိုပြောသည်။

"သမီးလေးနဲ့အန်တီတို့က သူစိမ်းတွေမှမဟုန် ကုသိုလ်အတူတူပြုပြီး ရေစက်ချရအောင်နော် ဒါကြောင့်သားကိုသွားခေါ်ခိုင်းလိုက်တာ သမီးလေးအနေရမခက်ပါနဲ့"

"ဟုတ် အန်တီ ကျေးဇူးတင်ပါတယ်"

သွင်က ဒေါ်မေရှင်းကိုဖက်ထားကာ ကျေးဇူးတင်ကြောင်းပြောလိုက်တော့ ဓနကသူတို့သားအမကိုပြုံးပြီးကြည့်နေ၏။ဒယ်ဒီကလည်းသူ့ဇနီး လက်ကလေးကိုဆုပ်ကိုင်ထားလေသည်။

၈နာရီ တရားစကြပြီးနောက်၉နာရီခွဲမှာ အဆုံးသတ်ကာ ရေစက်ချအမျှဝေကြသည်။ပြီးမှကိုယ်စီထကာ သိမ်းတဲ့သူသိမ်း ကူတဲ့သူက ကူဖြင့်ရှုပ်နေကြတော့၏။ဒေါ်မေရှင်းကို သွင်တွဲထူပေးလိုက်ပြီး ဦးချမ်းသာကအနောက်ကလ်ုက်လာသည်။

"အန်တီတို့ပြန်ကြတော့မှာလားရှင့်"

"အေးကွယ် ပြန်နားတော့မယ်သမီးရေ"

"ဟုတ် အန်တီ အန်ကယ်ရော ကားဖြည်းဖြည်းမောင်းပြန်ပါနော်"

"ကောင်းပါပြီကွယ်"

ဒေါ်မေရှင်းရော ဦးချမ်းသာကားပေါ်တက်ထိုင်လိုက်ကြသည်။ပြီးနောပ် ဓနဘက်ကိုလှည့်ကာ

"သားရော မပြန်သေးဘူးလား"

"မပြန်သေးဘူးမာမီ သားပြီးမှပြန်လာခဲ့တော့မယ်ဒီမှာကူလုပ်ပေးဦးမှာ"

"ပြီးရော ဒါဆိုမာမီတ့်ုပြန်နှင့်ပြီး သားနဲ့သမီးရေ"

"ဟုတ်ကဲ့"2

𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬  "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now