Extra End (uni)

3.5K 61 4
                                    

ဒီနေ့နဲ့ဆို သွင်နဲ့မျက်နှာချင်းဆိုင်စကားပြောဖို့ ဓနကြိုးစားနေတာ သုံးရက်ရှိပြီးဖြစ်သည်။ဒါပေမဲ့ သွင်က အတွေ့မခံကာ သူ့ကိုရှောင်ဖယ်ပြီး သမီးကိုပဲအဖက်လုပ်တာမို့ ဓန တကယ် ခြေတွေလက်တွေပါတုန်လာပြီးဖြစ်သည်။

သို့ပေမဲ့ အချိန်မဆွဲအား။ခေါင်းမှာရှိသမျှအကြံဉာဏ်ထုတ်ကာ သွင့်ဆီကခံစားချက်တွေကို ဖွင့်ဟလာအောင်လုပ်ရပါမည်။ခဏနေတော့ ဓန အကြံတစ်ခုရသွားတာနဲ့ သွင်ကြိုက်တဲ့ ယုန်ရုပ်အလတ်စားလေးတစ်ရုပ်ကိုဝယ်ကာ အထဲကိုစကားပြောစက်ထည့်ထားလိုက်ပြီး ကုတင်နားကစားပွဲပေါ်တင်ပေးထားလိုက်သည်။ပြီးနောက် cctvအသေးစားလေးကိုယူကာ ယုန်ရဲ့ မျက်လုံးမဲမဲလေးထဲထည့်ထားလိုက်တော့မသိသာတော့ပေ။ဒီနည်းနဲ့ သွင့်ကို စကားပြောရပါမည်။

သွင် နေ့လည်စာစားပြီး အခန်းထဲပြန်ဝင်လာတော့ လမ်းခဏပတ်‌လျှောက်ပြီးမှ ကုတင်‌ပေါ်ထိုင်လိုက်သည်။သမီးလေးက သူ့အဖိုးအဖွားတွေနဲ့ ဆိုင်လိုက်သွားတာမို့ သွင်က ဓနနဲ့အတူကျန်နေခဲ့သည်။ဓနလည်း သူမကိုစကားပြောဖို့လိုက်ကြိုးစားနေကာ ရုံးပင်မတက်ပေ။သွင် တကယ်စကားပြောချင်စိတ်မရှိသေးတာမို့ ခဏရှောင်ဖယ်နေတာဖြစ်၏။

ကိုယ်ချစ်လို့ ယူထားရတဲ့ယောက်ျားပဲ။ကွဲဖို့ကွာဖို့အထိတော့ သွင် မစဉ်စားဖူးပါ။ထိုစဉ် စားပွဲပေါ်က ယုန်အရုပ်လေးက ချစ်ဖို့ကောင်းနေတာကြောင့် ထိဖို့အနားတိုးလိုက်တော့ စကားသံထွက်လာတာမို့ သွင်အနည်းငယ်လန့်သွားရသည်။

"မဂ်လာပါ မိန်းမ‌လှလေးရေ"

"အမလေး"

ဓနက ချစ်စဖွယ်ရုပ်ကလေးအသံစက်နဲ့ပြောနေတာ သွင်လည်းရိပ်မိမယ်ထင်ပါသည်။ဒါပေမဲ့ အဆင်ပြေတာမို့ ဆက်၍ ပြောလိုက်သည်။

"မိန်းမလှလေး ဒီနေ့ နေလို့ကောင်းရဲ့လား"

အဟင်း။ ဓနရဲ့ ချော့နည်းအဖုံဖုံကိုကြည့်ကာ သွင်တွေးရင်းရယ်လိုက်သည်။ကလေးကလားနဲ့လူဆိုးကောင်။

"အင်း ကောင်းပါတယ် မစ္စတာယုန်ကရော"

"နေကောင်းပါတယ် စိတ်လေးနွမ်းလျနေတာကလွဲရင်"

𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬  "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now