Chapter 9 (uni)

4.1K 115 0
                                    

"သမီး လဝန်း မောင်ဓနနဲ့အခြေအနေကဘယ်လိုလဲ"

ညစာထမင်းဝိုင်းမှာ ဒယ်ဒီကမေးလာတာမို့ မေကပြုံးကာပြန်ဖြေလိုက်သည်။

"အဆင်ပြေပါတယ်ဒယ်ဒီရဲ့အဟင်း"

"အမယ် ကောင်မလေးတစ်ယောက်ရှက်နေတယ်ဟေး"

"မဟုတ်ပါဘူးနော် ဒယ်ဒီကလည်း မာမီကူပြောဦး"

မေ ကလ်ုက်စနေတဲ့ဒယ်ဒီကြောင့်ရှက်လာတာမို့ မာမီ့ကိုစစ်ကူ‌ေ‌တာင်းလိုက်တော့ မာမီက...

"ကဲ ဖေကြီးရယ် သမီးကိုစမနေပါနဲ့တော့"

"စတာမဟုတ်ဘူးလေကွာ အကျိုးအကြောင်းလေးမေးကြည့်တာပါ"

"အခြေအနေထူးလာရင်ဒယ်ဒီ့ကိုဦးဆုံးပြောပြပါ့မယ်"

"သမီး မောင်ဓနကိုအပိုင်ချုပ်မှရမှာနော် ဒယ်ဒီသတင်းတွေနားစွင့်နေမယ်"

"သမီးကဘယ်သူမို့လို့လဲဒယ်ဒီရဲ့ ဒယ်ဒီ့ရဲ့သမီးပါနော် မပိုင်ရင်ဂေါ်လီမလုပ်ဘူး"

"ဟုတ်ပြီဗျာ အဟားးဟားး"

ဓနက မေ့ကိုချစ်ရဲ့သားနဲ့ငြူစူနေတာ အရင်ကအကြောင်းတွေကိုစိတ်ဆိုးနေတုန်းမို့ပါ။ဓနစိတ်တွေအဆင်ပြေလာတဲ့နေ့ကျရင်တော့ သူအလိုလိုကို မေ့လက်ထဲရောက်လာမှာပေါ့ ဟုတ်တယ်တယ်မလား။မေ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးကာ ထမင်းစားလိုက်သည်။

ဦးချမ်းသာတို့အိမ်တွင်ဖြစ်သည်။

"သား"

"ဗျာ မာမီ"

"လာ ထ်ုင်ပါဦး ကုမ္မဏီသွားတော့မလို့လားကွအစောကြီးကို"

"ဟုတ် မာမီ လက်တောပ့်လေးပျက်နေတာလေးဆိုင်သွားအပ်ရမှာမို့ "

ဓန အလုပ်သွားရန်ပြင်ဆင်ပြီး ဒယ်ဒီနဲ့မာမီက ဧည့်ခန်းတွင်ထိုင်ကာသူ့ကိုခေါ်တာမို့ ဒယ်ဒီနဲ့မာမီ့ဆီသွားကာအကျိုးအကြောင်းပြောပြရသည်။

"အော် လက်တော့ပျက်တာ အသစ်တယ်လေသားရဲ့"

"ဟုတ် အသစ်ပါဝယ်ခဲ့မှာမာမီ ဒီလက်တောပ့်အဟောင်းထဲကဖိုင်တွေပြန်မထုတ်ရသေးလို့လေ အဲ့တာကြောင့်ပါ"

"အင်းအင် သားဒယ်ဒီကပြောစရာရှိလို့တဲ့ နားထောင်လ်ုက်ဦး မာမီအပေါ်ခဏတက်ဦးမယ်"

𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬  "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now