Extra 1 (zawgyi)

71 0 0
                                    

သွင်တို့ ဒီနေ့ အိမ်မှာအလှူရှိလို့ စောစောထကာဆွမ်းချက်နေကြတာဖြစ်သည်။သမီးလေးရဲ့ ၄နှစ်ပြည့် မွေးနေ့ပွဲအတွက် သံဃာတော်ပင့်ကာ အိမ်မှာပဲဆွမ်းကပ်ကြသည်။

မွေးနေ့ရှင် ပန်းဦးလေးကတော့ လမ်းတတောက်တောက်လျှောက်ပြီးပြေးနေလို့ သူ့ဖေဖေကလိုက်ထိန်းနေရတာဖြစ်သည်။

"သမီးလေးကကွာ သိပ်မဆော့ပါနဲ့ကှ ဖေဖေတောင်လိုက်မနိုင်တော့ဘူး"

"ပေရီးကယဲ ပန်းဦးက ကချားချင်တာကိုးယို့"

နှုတ်ခမ်းတထော်ထော်နဲ့သူ့အဖေက်ုပြန်ပြောပုံကိုကြည့်ကာ သြင္က...

"ကဲ ခုပဲ လှလှလေးပြင်ပေးပြီး ဝတ်ပေးထားတာ ကစားနေလို့ ပေပွသွားရင် မေမေ မကြိုက်ဘူးနော်ပန်းဦး"

သွင်က အဲ့လိုပြောတော့ ပန်းဦးက ဆရာမကြီးစတိုလ်နဲ့လက်ကလေးပိုက်ကာ...

"ဟွန့် မေမေကအားကြီးဆူရယ်"

"ကောင်းကောင်းနေရင်ဆူမလားကဲ ဧည့်သည်တွေရှိနေတာ ပြီးရင်သမီးရဲ့သူငယ်ချင်းတွေလာပြီးကိတ်ခွဲဦးမှာ လှလှလေးနေမှပေါ့ ပြေးဆော့နေရင်...... ဟဲ့ဟဲ့ ငါပြောနေတာမဆုံးသေးဘူး!.."

ပန်းဦးက သွင့်စကားမဆုံးခင် သူ့အဖေလက်ညိုးကိုသွားဆွဲကာ ဟွန့်ကနဲလုပ်ပြီး ဂါဝန်လေးက်ုဝဲခါပြီး အိမ်ရှေ့ကိုထွက်သွားတော့သည်။

"အမလေး ဖအေ အားကိုးနဲ့ မအေကိုဂရုမစိုက်တာကြည့် ဖအေရောသမီးရော နေနှင့်ဦး "

သမီးလေးက သွင့်ကိုဆို စိတ်ဆိုးစိတ်ကောက်ကာအနိုင်ယူတတ်သလို တစ်ခါတစ်လေဆို ပြောနေရင်းအဲ့လို ထပြီးထွက်သွားတတ်သည်။အဲ့တာတွေက မကောင်းတဲ့အပြုအမူတွေပါလို့သွန်သင်တော့လဲ ဆရာမကြီးက နှုတ်ခမ်းလေးတစူစူနဲ့ဖြေရှင်းချက်ပေးလာတာက...

"ပန်းဦးက...ပန်ဦး..က ကယေးယေးဖဲ ရှိတေးတဲ့ဉစ္စာ ဘယ်တိမှာယဲယို့"

လက်ကလေးနောက်ပစ်ကာ ပြောနေပုံက တင်ပါးလေးကိုပြေးရိုက်ပစ်ချင်စရာ။ဖအေလုပ်သူကလည်း သမီးမျက်နှာတစ်ကမ္ဘာ။မျက်နှာအညိုးကိုမခံပေ။ပြေးပြေကောက်ချီပြီး ထွက်ချော့တာ။အဲ့လိုလုပ်လို့သမီးက မအေကို ကလန်ကဆန်ပြန်လုပ်တတ်သွားမှာနေမှာ။ဖအေက တအားအလိုလိုက်ထားတော့ ဆိုးချင်နေပြီး။ဆိုးပေသားအဖကို သွင်ပညာတွေပေးရဦးမည်ဟုတေးမှတ်ထားလိုက်သည်။

𝐌𝐲 𝐛𝐚𝐝 𝐛𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝 𝐢𝐬  "𝐁𝐨𝐬𝐬"(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Where stories live. Discover now