Part-15

53 8 1
                                    

"Zhang Jiဘာဖြစ်လာတာလဲ"

"Xiang ge"

"ပြောလေ ဘာဖြစ်လာတာလဲ ဘာလို့အဲ့လောက်ငိုနေတာလဲ"

"Ge"Haoxiangအနားရောက်လာတာနဲ့အားရပါးရဖက်ပြီးငိုပါတော့တယ်

"ဒုက္ခပါဘဲကွာ ဘာလို့ငိုနေတာလဲပြောအုံးလေ"

"ကျွန်တော် ကျွန်တော်Zeyuနဲ့ပြတ်သွားပြီ"

"ဟော သူကမင်းကိုဖြတ်သွားတာလား"

"မဟုတ်ဘူး ကျွန်တော်ကစဖြတ်တာ"

"zhang Jiမင်းငါ့ကိုလာနောက်နေတာလား"

"တကယ်ပြောနေတာXiang geရဲ့"

"မင်းရူးနေလား မင်းကစဖြတ်ပြီးမင်းကငိုနေရတယ်လို့ အခုမှရည်းစားစထားဖူးတာလဲမဟုတ်ဘူး"

"ကျွန်တော်ရှေ့မှာကောင်မလေးတွေအများကြီးကိုဖြတ်ဖူးပါတယ် ဒါပေမဲ့ဒီတခါစိတ်ထဲနာကျင်နေသလိုဘဲ သူနဲ့စကားပြောပြီးတည်းကမျက်ရည်အလိုလိုကိုကျနေတာ"

"Zhang Jiငါ့ကိုကြည့်"
Zhang Ji HaoxiangကိုမှီထားတာမှခွာကHaoxiangကိုကြည့်လိုက်တယ်။

"မင်းအဲ့ကောင်လေးအပေါ်တကယ်စိတ်ပါသွားတာလား"

"ကျွန်တော်မသိဘူးGe"

"ငါလဲစိတ်ညစ်ပါတယ်ကွာ"

"Ge ညကြရင်clubသွားရအောင်"

"မင်းအခုလိုအခြေအနေနဲ့ဖြစ်ပါ့မလား အိမ်မှာဘဲသွားနားလိုက် မဟုတ်လို့စိတ်ထင်ရာရှောက်လုပ်မိရင်မင်းမလွယ်ဘူး"

"ရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး"

"အခုမင်းအချိန်မီပါသေးတယ် Zeyuကိုမပြတ်နိုင်ရင်လဲသွားချော့လိုက်ပါလား"

"မချော့ဘူးge ကျွန်တော်ဒီတိုင်းနေလို့သေမယ်ဆိုတောင်အသေဘဲခံလိုက်မယ် သူနဲ့တော့ပြန်မတွဲဘူး"

"Zeyuကမင်းကိုဘာလုပ်လို့အဲ့လောက်ဖြစ်နေတာလဲ တကယ်တမ်းစိတ်နာရင်တောင်သူကမင်းကိုစိတ်နာရမှာ"

"သူကျွန်တော့်ကိုအရင်လိုမချစ်တော့ဘူး"

"မင်းကရောသူ့ကိုချစ်ခဲ့လို့လား Zhang Jiငါပြောမယ် Zeyuကမင်းကိုအရမ်းချစ်တာငါတို့ရောမင်းပါကောင်းကောင်းသိတယ် ဒါပေမဲ့သူကချစ်ပေးသလောက်မင်းကလုပ်ချင်တာလုပ်နေတာ အဲ့တော့သူမင်းကိုစိတ်ကုန်လာမှာသဘာဝဘဲ"

Desire of love  Where stories live. Discover now