❝𝔐𝔬𝔫𝔰𝔱𝔢𝔯𝔰 𝔞𝔯𝔢 𝖗𝖊𝖆𝖑, 𝔤𝔥𝔬𝔰𝔱𝔰 𝔞𝔯𝔢 𝖗𝖊𝖆𝖑 𝔱𝔬𝔬.
𝔗𝔥𝔢𝔶 𝔩𝔦𝔳𝔢 𝖎𝖓𝖘𝖎𝖉𝖊 𝔲𝔰, 𝔞𝔫𝔡 𝔰𝔬𝔪𝔢𝔱𝔦𝔪𝔢𝔰, 𝔱𝔥𝔢𝔶 𝖜𝖎𝖓.❞
■🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|01|
ဆီးနှင်းခဲထုက သိပ်သည်းသည်။
Taiga လို့ အများခေါ်ကြသည့် ထင်းရူးတောသည် နက်ရှိုင်းမှုနှင့် လိုက်လျောညီထွေရှိနေသလို ခြေသံခပ်အုပ်အုပ်ကို သိမ်းဝှက်ပေးထား၏။ အသက်ရှူသံမမှန်နေသည့် Gyuvin သည် လေရူးသုန်သုန်နှင့် နှင်းမုန်တိုင်း စဝှေ့တော့မည့် Russia ၏ ရာသီဥတုကို ကျေးဇူးမတင်နိုင်အားဘဲ ထင်းရူးပင်နောက်သို့ ဝင်လိုက်သည်။
သွေးဒီးဒီးကျနေသော သူ့ပေါင်တစ်ဖက်က အခြေအနေမကောင်း။ ခံစားမှု မရတော့သည့် ပခုံးတခြမ်းနှင့်တကွ ဦးခေါင်းခွံကွဲအက်သွားသည့်ကိစ္စကို ထပ်ပေါင်းရင်တော့ ပိုပြီး ...
"ဟား ~
ကျည်ကုန်နေသော သေနတ်ကို ခါးကြားထိုးလိုက်သည်။ အင်္ကျီကို ဖြဲကာ ဒဏ်ရာကို တင်းတင်းကျပ်ကျပ်စည်းနှောင်ပြီး သိစိတ်နှင့် မသိစိတ်၏ ကြားခံနယ်သည် ပိုမိုကွာဟလာသည်။ ငေါက်ခနဲ မိုက်ခနဲ သတိလစ်မသွားရအောင် ထိန်းထားရပြီး၊ ဒါသည် ရိုးရှင်းစွာ တိုင်းတပါးမြေမှာ အသေမခံနိုင်သော မာနထက် တိုက်ပွဲအထွေထွေကြားမှာပင် တာဝန်ကျေပြွန်အောင် ထမ်းဆောင်ပြီး (ကံလေးပေးရင်ဖြင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်လေးလည်း တပါတည်း) အသက်နှင့်ခန္ဓာမြဲကာ ဒယ်ဟမ်းမင်းဂူးသို့ ပြန်နိုင်ခဲ့သည့် NIS Special Agent သူက ဒီလို ထင်ရူးတောထဲမှာ သေရမှာတော့ လုံးဝ ---
သိက္ခာကျစရာပဲမဟုတ်လား။ပြီးတော့
အရေးကြီးသည့်အချက် ---
တာဝန်ထမ်းဆောင်နေချိန် ကျဆုံးရင်ဖြင့် ပြောစရာမရှိသော်လည်း၊ အခုအခြေအနေက ပုံမှန်မဟုတ်။အခုအခြေအနေ ဆိုသည်က ---
လွန်ခဲ့သည့် နာရီများစွာက စသည်။Gyuvin သည် St. Petersburg ရဲ့ သိပ်အေးသည်လို့ မဆိုနိုင်သော အနှုတ်ပြနေသည့် အအေးဒီဂရီကို အံတုရင်း မြို့စွန်က ဘီယာဆိုင်လေးမှာ အေးအေးဆေးဆေး ထိုင်ကာ (ရှားရှားပါးပါး) မိမိဘာသာသတ်မှတ်ထားသည့် အထူးပိတ်ရက်လေးတစ်ရက်ကို အေးအေးလူလူ ကုန်ဆုံးဖို့ ပြင်နေရုံရှိသေး၏။ တဖက်စားပွဲဝိုင်းက မူမမှန်သော လှုပ်ရှားမှုကို Gyuvin ရဲ့ ပါရမီထူးပြီးသား ဆဌမအာရုံကနေ ခံစားသိခဲ့ပြီး၊ ဒီလူတစ်စုက လက်နက်ကို ထုတ်သည့် တဒင်္ဂလေးမှာ Gyuvin ရဲ့ အလင်းအလျင်နီးပါး မြန်သော တုန့်ပြန်နိုင်စွမ်းကနေ ကျည်ဆန်ကို ရှောင်လိုက်ရသည့် အခိုက်အတန့်။ Gyuvin သည် ဆိုင်လေးရှေ့မှာ အချိန်ကိုက် ရပ်လိုက်သည့် ကားနှစ်စီးကို မြင်လိုက်ရသည်။ စက်သေနတ်ကို ကျည်ကုန်ချွေပစ်သည့်အတွက်ကြောင့် အရပ်သားတချို့ ထိခိုက်ပြီး၊ Gyuvin ကို အညှိုးရင့်သန်စွာ ထားရှိပုံရသော ဒီလူတွေသည် ဒုတိယအကြိမ် ပစ်ခတ်ဖို့ စတင်သည့်နောက်တော့ Gyuvin မှာ စိုးရိမ်ကာ တွေးနေဖို့ထက် ပြေးခဲ့ရသည်လေ။
YOU ARE READING
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...