🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|05|
Solnechnyy Svet Hotel
Moscow
Gyuvin သည် Ricky ရဲ့လက်ထဲမှ အိတ်ကို လှမ်းယူပြီး မိမိအထုတ်အပိုးတွေနှင့်အတူ ကုတင်ဘေးမှာ ချလိုက်သည့်အခါ သူကဖြင့် ကုတ်အင်္ကျီရှည်ကြီးကို ချွတ်ချပြီး အနက်ရောင်ကိုယ်ကျပ်အသားကပ်တီရှပ်သာ ကျန်သည်အထိ ရှပ်အင်္ကျီအဖြူကိုလည်း ချွတ်နေ၏။ သူ့ပုံက Gyuvin ကို အူယားပြီး ရယ်ချင်အောင် လုပ်နေသလို တကယ်လည်း Gyuvin သည် တခိခိလေး ရယ်နေမိပြီ။
"ဘာရယ်တာလဲ ၊ မင်းလည်း မြန်မြန်ချွတ်လေ"
Gyuvin သည် သူ့ကို လက်ခါပြလိုက်သည်။ ရယ်မိတာကနေ မရပ်နိုင်ဘဲ မောတောင်လာ၏။
သူနှင့် Gyuvin သည် ချစ်တင်းနှောဖို့ ဒီကို ရောက်နေတာ မဟုတ်။ ဒီနေ့အတွက် အရေးကြီးကိစ္စသည် မျက်စိရှေ့မှာ ရှိသည်။ --- တိတိကျကျ ပြောရမည်ဆိုရင် ဒီဘက်ဟိုတယ်မှာ ကင်မရာ တပ်ဆင်ပြီး တဖက်ရှိ ကပွဲရုံခန်းမ၏ အဝင်ဝကို စောင့်ကြည့်မှတ်တမ်းတင်ဖို့ ဖြစ်သည်။ VVIP အဆင့် အသင်းဝင်ကတ် ရှိမှသာ ကပွဲရုံခန်းမသို့ ဝင်နိုင်ပြီး ဝန်ထမ်းအဖြစ်လည်း လက်ပါးစေများကိုသာ ခန့်အပ်ထားသည့် နေရာ။ လက်လွတ်စပယ် မပြောနှင့် --- ယင်ကောင်လို လျင်မြန်စေ့စပ်မှုနှင့်ပင် ဝင်ရောက်ဖို့ မဖြစ်နိုင်သည့် နေရာ။ ဒါကြောင့် Gyuvin နှင့် သူသည် မျက်နှာချင်းဆိုင်တည့်တည့်မှာ ရှိနေသည့် ဒီဟိုတယ်ကို ရွေးချယ်ခဲ့ရခြင်း။
ဒီအခန်းကို ရဖို့ကလည်း လွယ်ခဲ့သည်မဟုတ်။
Shim Ricky တစ်ယောက် ထိပ်တန်းမော်ဒယ်အဖြစ် ဟန်ဆောင်ကောင်းမှုကြောင့်သာ။
Gyuvin ရိုက်ကူးပေးရလေ့ရှိသည့် သူ့အလှဓါတ်ပုံ ဗီဒီယိုများက အသုံးဝင်သည့်အချိန် ရှိသေးသဖြင့် အံ့သြမိခဲ့တာတော့ အမှန်။ ဆိုတော့ ... ကပွဲရုံခန်းမသို့ လာသည့် လူများကို မှတ်တမ်းယူထားပြီး ရုံးချုပ်၏ သတင်းစိစစ်ရေးဌာနသို့ ပို့ရမည်။ မှတ်တမ်းပါ လူများ၏ ID ကို စုံစမ်းပြီးသကာလ လျှို့ဝှက်လက်နက် ဖန်တီးရေးနှင့် ဆက်စပ်မှု ရှိနိုင်သည့် စာရင်းကို ထုတ်ရမည်။ ဒါမှ ၂၀ရက်နေ့ ကျင်းပမည့် ပါတီပွဲမှာ အနီးကပ် ထောက်လှမ်းသင့်သည့် လူကို အနည်းဆုံးအရေအတွက်အထိ လျော့ချနိုင်လိမ့်မည်။ Agent Kim နှင့် Agent Shim က မည်မျှပင် ထူးချွန်ထက်မြက်သည် ဆိုစေကာမူ ပါတီပွဲ အစအဆုံးမှာ တွေ့သမျှ လူတိုင်းကို မူးယစ်ရဲတပ်ဖွဲ့သုံး ခွေးတွေလို လိုက်အနံ့ခံနေလို့မှ အဖြစ်သည်ပေ။
ВЫ ЧИТАЕТЕ
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨
Фанфик[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...