🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|11|
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ_Gyuvin သည် ဖုန်းကို ကြောင်ကြည့်နေမိသည်။ ဒါသည် ၄ကြိမ်မြောက် ဖုန်းခေါ်ဆိုမှု။ သူက မကိုင်။ ချစ်ရပါသော Shim Ricky သည် ဒီလို ညအခါမျိုးမှာ အိပ်ရာထဲ ကွေးပြီး Drama ထိုင်ကြည့်နေတတ်တာ များသည်။ မဟုတ်ပါကလည်း Gym ဆော့သည်။ ဒီလောက်သာ။ အလုပ် ရှိရင် ထား။ Zhukovsky တို့ရဲ့ နောက်ထပ်ခြေလှမ်းကို အပိုင်ဖမ်းနိုင်ဖို့ အထက်က ညွှန်ကြားချက်ကို စောင့်နေရသည့် ဒီရက်မျိုးသည် အားလပ်သည်လို့ ဆိုနိုင်သည်။ သို့သော် သူ ဘာကြောင့် ဖုန်းမကိုင်ရသနည်း။
စွန့်ပစ်ရပ်ကွက်ကနေ ဆံကောက်နင်းမ် ငှားပေးသော ဆိုင်ကယ်နှင့် စတော်ဘယ်ရီခြံအထိ အဝေးကြီး ရောက်လာမိသော Gyuvin သည် ကြယ်ရောင်မစုံသည့် လမိုက်ညမှာ စိတ်မရှည် သည်းမခံနိုင်စွာ။ အေးခဲနေသည့် ရာသီဥတုမှာ စိတ်ပူပြီး လောင်မြိုက်စွာ။ သံသယတွေ၊ မောဟတွေနှင့်။ ဒီလို Gyuvin ကို ကယ်တင်ပေးနိုင်မည့် သူ့ကို ဖုန်းဆက်မိသည်။ အသံလေးပဲဖြစ်ဖြစ် ကြားချင်သည်။ --- စိတ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်မည့် အသံလေး။ မိမိကို သစ္စာဖောက်ခဲ့သည်ထား၊ ရက်စက်ခဲ့သည်ထား၊ မြတ်နိုးနေရဆဲ ဖြစ်သည့် အသံလေး။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်_
၅ကြိမ်မြောက်။
ကောင်းကင်ယံကို လေပူတွေပဲ မှုတ်ထုတ်လိုက်မိသည်။ အေးနေသော ဓာတ်ခံအရ အငွေ့တွေဟပ်သွားပုံမှာ တားမြစ်စည်း အဝါရောင်တန်းထားသည့် မီးလောက်ပြင်တစကို မြင်ကွင်းထဲ ဝေဝါးသွားစေသည်။ လူသူကင်းမဲ့သည့် တိတ်ဆိတ်နေမှု။ မှောင်မည်းနေသည့် သင်္ချိုင်းလို ခြောက်ခြားစရာ အေးဆေးတည်ငြိမ်မှု။ Gyuvin သည် အတတ်နိုင်ဆုံး အာရုံစုစည်းပြီး ပြာကျနေသော နှင်းထုထဲက မည်းတူးနေသော သစ်ချပ်များပေါ် လမ်းလျှောက်သည်။ သိပ်လျှင်နေကျ မျက်လုံးတွေသည် တုန်လှုပ်နေမှုကြောင့် သဲလွန်စကို ရှာရခက်နေသည်။ ပုံမှန်စိတ်နှင့် Gyuvin သည် ဒီနေရာမှာ လူမဆန်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည့်လူက မိမိပါ.. လို့ ဝန်ခံဖို့ မလုပ်ချင်သလို၊ မိမိက တရားခံပါ.. လို့ သက်သေခိုင်မာစေမည့် သဲလွန်စကို မတွေ့ချင်။ ဒါကြောင့် အားစိုက်ပြီး ရှာဖို့ မဝံ့ရဲ။ ဒီလိုအမှုအခင်းမျိုးသည် Gyuvin အတွက် အမြဲလိုလိုပင် ငှက်ပျောသီးအခွံနွှာရသလောက် လွယ်ကူနေခဲ့သော်လည်း အခုများတော့ ရင်ထဲမှာ နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲနေသလို ကတုန်ကယင်။

ESTÁS LEYENDO
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...