🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|16|လွန်ခဲ့သည့် ၁၇ နှစ်ခန့် ။
Seoul ၊
S.Korea ။အလှူအတန်းလုပ်ရသည့် ရက်တွေကို Ricky သဘောကျသည်။ အထူးသဖြင့် Haengbok မိဘမဲ့ဂေဟာမှာ လုပ်အားပေးရက်သတ္တပတ် ရှိတာမျိုး။ ဖေဖေက အာဏာရပါတီ၏ အရေးပါအရာရောက်သူတစ်ဦး ဖြစ်နေတာကြောင့် လူထုပုံရိပ်ကို ထင်ထင်ပေါ်ပေါ် ပြသဖို့ မကြာခဏဆိုသလို မသန်စွမ်းကျောင်းများနှင့် မိဘမဲ့ဂေဟာတွေမှာ လုပ်အားပေးလေ့ရှိသည်။ မှတ်မှတ်ရရ Ricky မူလတန်းကျောင်း စ,တက်သည့် အရွယ်မှာ ဖေဖေက ဒီမိဘမဲ့ဂေဟာကို အတူလိုက်ဖို့ ခေါ်သည်။ သေချာပေါက် မေမေက ကန့်ကွက်သည်။ --- အဲ့လိုနေရာမျိုးက စရိုက်စုံသည်တဲ့။
ဖေဖေသည် သူ၏ လက်အောက်ငယ်သားတွေကိုသာ ချောင်းတစ်ချက်ဟန့်ပြီး အသံတိတ်စေနိုင်မည်။ မေမေက မျက်စောင်းတစ်ချက် ထိုးရင်တော့ တံတွေးပင် မြိုချရဲတာမဟုတ်။
Ricky သည်လည်း သိပ်စိတ်ဝင်စားသည့် ကိစ္စ မဟုတ်သဖြင့် ကြားနေစနစ်ဖြင့် ဖာသိဖာသာပင်။ --- မိစုံဖစုံ ရှိသည့် Ricky ၊ ဉာဏ်သိပ်ကောင်းသည့် Ricky ၊ ရုပ်ချောသည့် Ricky က ဘာအတွက်နှင့် မိဘမဲ့ဂေဟာက သနားစရာ ကလေးတသိုက်ကို တွေ့စရာ လိုပါသနည်း။
"သားအတွက် စာတစ်စောင် ပါလာတယ် "
"စာ ??
"အင်း ၊ Haengbok မိဘမဲ့ဂေဟာက ကလေးတစ်ယောက်ဆီကပဲ ၊ ဖတ်ကြည့်မလား "
Ricky သည် ဒီနေ့ပဲ ကျောင်းကနေ ရလာသည့် အက္ခရာစာ ရေးတတ်ကာစ ကောင်မလေးတွေရဲ့ စာခေါက်လေးတွေကို တစ်ချက်ငဲ့ကြည့်လိုက်အပြီးမှာ ဘာရယ်တော့မဟုတ် ဖေဖေ့လက်ထဲက ပို့စကတ်လေးတစ်ခုကို လက်ခံဖြစ်ခဲ့သည်။
"သူက သားကို သိလို့လား ဖေဖေ "
"မသိပါဘူး ၊ မသိသေးဘူး လို့ ပြောရမှာပေါ့ သား ၊ ဒီနေ့ မိဘမဲ့ဂေဟာမှာ တခြားနေရာက သူငယ်ချင်း မလိုချင်ဘူးလား လို့ ဖေဖေ မေးကြည့်တော့ အားလုံးက သူငယ်ချင်းအသစ် လိုချင်ကြသတဲ့ ၊ ဒီတော့ ဖေဖေက သူတို့လေးတွေကို သူတို့ တတ်နိုင်သလောက် စာလေးရေးခိုင်းပြီး.. အင်း ~ စာမသင်ရသေးတဲ့ ကလေးတချို့ကျတော့လည်း ပုံလေးတွေ ဆွဲကြတာပေါ့ ၊ သူတို့ဆီက ရလာတဲ့ ဟောဒီ ပို့စကတ်လေးတွေကို ဖေဖေက ဂေဟာနဲ့ ကျောင်းတွေ အချင်းချင်း မျှဝေပေးမလို့ "
YOU ARE READING
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...