🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|17|ဖြစ်ခဲ့ပြီးသည့် ကိစ္စရပ်တွေသည် အတိတ်မှာ ချန်ရစ်ခဲ့လို့ ရနိုင်ကောင်းသည် လို့ Gyuvin အမြဲ တွေးခဲ့သည်။ သို့သော် အတိတ်သည် ပစ္စုပ္ပန် ဖြစ်လာသည်။ ဒီတော့ အနာဂတ်ကို ဖန်ဆင်းဖို့ အခွင့်အရေးသည် သူ့ ရဲ့ လက်ထဲမှာပဲ အလေးသာနေခဲ့ပြီ။
အတိတ်ကို ပစ္စုပ္ပန် အဖြစ် ဖန်ဆင်းပြီးသည့် Kevin ရဲ့လက်ထဲမှာ ။
Kevin သည် မီးလောင်မှုမှာ မိမိကို သေစေချင်ခဲ့သည် ဆိုရင် သူ့အကြောင်းအရင်းက ဘာများလဲ။ Gyuvin နားမလည်ချင်ပြီ။ မေမေ့ဗိုက်ထဲမှာ အတူ သွေးသားအာဟာရ မျှယူလာသည့် သူ နှင့် Gyuvin ကြားမှာ သတ်ချင်စိတ် ဖြစ်စရာ အကြောင်းအရင်းကို Gyuvin ရှာမတွေ့။ --- ပြီးပြည့်စုံသည့် မဟာလူသား မဟုတ်သော failed test subject ဖြစ်နေတာကြောင့်လား ။
ဒါဆို သူကိုယ်တိုင်ကရော ??
မိမိ၏ အမြွှာညီ အကြောင်းကို သိသမျှ မှတ်သမျှ အရ ဆိုရရင်ဖြင့် Kevin သည် သူကိုယ်တိုင်ကိုလည်း test subject တစ်ခုလိုသာ သတ်မှတ်နေမှာ မလွဲလောက်ပေ။"ကျွန်တော့်ကို တစ်ခုပဲ ထပ်ဖြေပေးပါ ဦး ၊ ခင်ဗျားက သတင်းရောင်းနေတဲ့လူ ဆိုတော့ ကျိန်းသေ သိမှာပဲ ၊ အခု ကျွန်တော့်လက်ထဲ တစ်ဝမ်မှ မရှိပေမယ့် ကျွန်တော် ပြန်ဆပ်ပါ့မယ် ၊ Morgana က ပစ်ခတ်မှုက တကယ်ဖြစ်ခဲ့သလား ဆိုတာ ကျွန်တော့်ကို ပြောပြပေးပါ"
"ဟင်း .. .........
"ကျွန်တော် သိရမှ ဖြစ်မှာ ဦး"
"Morgana မှာ ပစ်ခတ်မှု ရှိခဲ့ပါတယ်"
"ဟား* ထင်ထားတဲ့အတိုင်းပါပဲလား"
ရှောင်တခင် တိုက်ခိုက်မှုဖြင့် Gyuvin ရဲ့ အသက်ဝိဥာဥ်ကို နှုတ်ယူဖို့ ကြိုးစားခဲ့ခြင်း။ နှင်းတောင်ပေါ်အထိ တောနင်းရှာပြီး Gyuvin ကို အမဲလိုက်ခဲ့ခြင်း။ မိမိရဲ့ အမြွှာညီက လက်ပါးစေ အထူးတပ်ဖွဲ့လို အုပ်စုကို သုံးပြီး မိမိကို နည်းမျိုးစုံနှင့် ဇီဝိန်ချုပ်စေဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်မှာ Gyuvin အတွက် ရယ်ချင်စရာပင် မကောင်းနေပြီ။
"ဒါဖြင့် တမန်တော် ဆိုတာတွေက သူ့လက်သူ့ခြေပေါ့"
"အမှန်ပဲ ၊ မကောင်းတာ မှန်သမျှ လုပ်တဲ့ကောင်တွေပေါ့ Gyuvin ၊ လက်နက် ၊ မူးယစ်ဆေး ၊ နယ်ချဲ့တပ်သား အရောင်းအဝယ် ၊ ကုန်ကုန်ပြောရရင် လေယာဥ်ဓါးပြမှုအထိ လုပ်တဲ့ကောင်တွေပဲ ၊ ပိုဆိုးတာက ဒီကောင်တွေက အနယ်နယ်အရပ်ရပ်က ပြည်ပြေးတွေပဲ ၊ ဆိုတော့ကာ ဘယ်နိုင်ငံအတွက် တိုက်ခိုက်တယ် ဆိုတာမျိုး သူတို့မှာ ရှိမနေဘူး ၊ သူတို့ သိတာ ငွေ ပဲ ၊ ပြီးတော့ ဒီ ငွေ ဆိုတာကို ဖန်ဆင်းတဲ့ သူတို့ သခင် "
ESTÁS LEYENDO
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...