10

191 16 5
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|10|


Gyuvin သည် အရင်ဦးစွာ တိုက်ခန်းသို့ ပြန်ဖို့ စိတ်ကူးလိုက်သည်။ မီးလောင်မှုကို မတော်တဆမှု လို့ ကြေညာခဲ့ပုံအရ လူသတ်မှုလို့ ယူဆနိုင်ဖွယ်ရာ သက်သေအထောက်အထား မကျန် မီးကျွမ်းခဲ့ပြီ ထင်သည်။ သို့သော်လည်း တကယ်လို့များ တိုက်ခန်းမှာ ရဲတွေ ရောက်နေခဲ့တာမျိုး ရှိခဲ့ရင် ဒါသည် သဘာဝကျသည့် အကျိုးဆက်လို့ ဆိုနိုင်သည်။ ဒါကိုကပင် Gyuvin က ကျူးလွန်ခဲ့သည့် သဘောရှိကြောင်း သံသယ ခိုင်မာစေဖွယ်ရာ သက်သေပေပဲ။ သို့ပေမယ့် စစ်ဆေးမေးမြန်းမှု မရှိဘဲ ဒီလောက် လူများစွာ သေလွန်ကြသည့် အမှုကို လူသတ်မှု မဟုတ်သော မတော်တဆ လူသေမှု အဖြစ် အမှုပိတ်သိမ်းပစ်သည်ဆိုရင်တော့ မူမမှန်.. လို့ ပြောရမည်မလား။

ယနေ့လည်း St. Petersburg ရဲ့ မနက်ခင်းသည် နှင်းလွှမ်းလျက်။

ချစ်ရပါသော Shim Ricky ရဲ့ ရှေ့မှာ အတတ်နိုင်ဆုံး မသိသာအောင် သရုပ်ဆောင်နေခဲ့သော်လည်း ရေနွေးတစ်အိုး မဆူနိုင်ခင်မှာပင် Gyuvin သည် အမူအရာ ပျက်လာရပြီး ဆက်လက်ဟန်မဆောင်နိုင်တော့ပြီမို့ အမြန်ပြေးထွက်လာခဲ့သည်မှာ ဘတ်စ်ကား စီးမိသလား ၊ Metro ရထားလိုင်းနှင့်ပဲ ပြန်ရောက်လာမိသလား မသိဘဲ အခုတော့ တိုက်ခန်းအနားက နှင်းဖုံးနေသော လမ်းပေါ် လျှောက်နေမိခဲ့ပြီ။ နှင်းထုထဲသို့ ခြေရာတစ်ချက် နစ်ဝင်သွားတိုင်းမှာ မေးခွန်းတွေသာ ပိုလာပြီး အဖြေထွက်လာဖို့ နှောင့်နှေးနေမှုကြီးသည် ဦးနှောက်သတ်ပွဲလို။

"အခုပဲ ကျောင်းသွားရတော့မှာကို Sofia ရေ"

"သမီး ဘာမှ မလုပ်ဘူးနော် ၊ Fyodor က နှင်းလုံးနဲ့ လိုက်ပေါက်နေတာ"

Gyuvin ရဲ့ သောကနှင့် ဆန့်ကျင်ဘက်မှာ သာယာနေသည့် ရပ်ကွက်လေး။

မနက်ခင်းသည် အမြဲ စည်ကားနေသည်လို့ မဆိုနိုင်သော်လည်း မတ်လကုန်မှာ ကျောင်းပိတ်မည့် ရက်ကလေးကို မျှော်လင့်ကာ ပျော်ရွှင်နေကြသည့် ကလေးများကြောင့် ယနေ့တော့ ဆူဆူညံညံ ရှိပါ၏။ ကျောင်းသွားခါနီးမှာ အင်္ကျီတွေ နှင်းစိုအောင် လုပ်ရကောင်းလား လို့ အမေတွေရဲ့ ဆူပူသံကြားမှာပင် နှင်းလူရုပ် လုပ်ပြီး ကစားနေသည့် ကလေးများကို မြင်သည့်အခါ Gyuvin မှာ စိတ်ထဲကနေ ထပ်ပြီး မတင်မကျ ညှိုးငယ်လာပြန်သည်။ --- တကယ်ပဲ မိမိက ကလေးပါ မချန် သတ်ပစ်မိခဲ့ခြင်းလား။ Gyuvin သည် လက်ဖဝါးနှစ်ဖက်ကို ငုံ့ကြည့်မိသည်။ အပြင်မှာ အေးနေတာကိုကွာ ဆိုပြီး ပိုင်ရှင်က အတင်းစွပ်သွားခိုင်းသည့် အမည်းရောင်လက်အိတ်တစ်စုံသည် အဖြေမျှော်လင့်နေသည့် Gyuvin ကို မေးခွန်း ထပ်တိုးစေဖို့သက်သက်အတွက် ရှိနေပြန်သလို။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 Where stories live. Discover now