06

295 29 40
                                    

🅸🅽🅺 AND  🄰 🅂 🄷 🄴 🅂

|06|

Zhukovsky မိသားစု ကြီးမှူးကျင်းပသည့် ပါတီပွဲသည် Rublyovka ရှိ စံအိမ်တော်တွင် လျှို့ဝှက်လုပ်ဆောင်သည့် home party အမည်ခံ စေ့စပ်ညှိနှိုင်းမှုများ ဖြစ်တည်ရာ။

Gyuvin နှင့် Ricky သည် ယနေ့ပွဲသို့ တက်ရောက်မည့် N.Korea တာဝန်ရှိသူတစ်ဦး တည်းခိုရာ ဟိုတယ်တွင် ရှိနေကြသည်။ လွန်ခဲ့သည့်ရက်က ကပွဲရုံခန်းမကို ဝင်ထွက်သည့် လူများကို မှတ်တမ်းတင်ရိုက်ကူးကာ ID အချို့ လက်ဝယ်ရရှိခဲ့ပြီး ထိုအထဲမှာ Zhukovsky မိသားစုနှင့် အဆက်အစပ် ရှိနိုင်မည်လို့ ယူဆရသည့် ဒီလူအကြောင်း အနံ့ခံမိခဲ့ခြင်း။ အခု Gyuvin နှင့် Ricky သည် ဒီလူရဲ့ အခန်းထဲသို့ ဝင်ဖို့ အပြင်ဘက် ဝရန်တာမှာ စောင့်ဆိုင်းနေကြသည်။

"အေးနေပြီလား"

Gyuvin သည် နှစ်ကိုယ်ကြား အသံလေးနှင့် မေးလိုက်သည်။ ဒီလူ က အရေးကြီးစာရွက်စာတမ်းများကို စစ်ဆေးနေသည်။ ပွဲတက်ဖို့ မပြင်သေး။ လာကြိုမည့် Russia တော်ဝင်အနွယ်တော်ကို စောင့်ဆိုင်းနေခြင်းပင်။ Gyuvin နှင့် Ricky ကတော့ ထိုနှစ်ဦး ဆုံဖို့ကို စောင့်ဆိုင်းနေရသည်။ --- တစ်ခွန်းတည်း ပြောရရင် အယောင်ဆောင်ဖို့။

"ခဏလေးပဲ စောင့်နော်"

မတ်လ၏ အနှုတ်မပြသော်လည်း ၂° သာ ရှိသည့် အေးစက်မှုမှာ Gyuvin သည် သူ နွေးသွားပါစေလို့ ဆန္ဒပြုရင်း တင်ပါးလေးကို လှမ်းပွတ်သည်။ သူသည် Gyuvin ရဲ့ လက်ကို ဖယ်ချသည်။ မျက်စောင်းပိစိလေး ထိုးသည်။

သူ တနေ့က ပြောသည့် Gyuvin သူ့ကို ရိုက်သည် ဆိုသော ကိစ္စသည် တကယ်တမ်းတော့ သူ့တင်ပါးကို မနာနာအောင် လိုက်ရိုက်ပြီး ကျီစားမိသည့် Gyuvin ကို မကျေနပ်စွာ သူ စွပ်စွဲခြင်း ဖြစ်ခဲ့သည်။ Shim Ricky ရဲ့ တင်ပါးပြားပြားလေး ကို လက်ယောင်လိုက်ပြီး ဖူးလာအောင် ပြုစုပျိုးထောင်ဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရသော Gyuvin သည် အိပ်မက်နှင့် လက်တွေ့ မသဲကွဲတော့ဘဲ လက်တွေ့မှာပါ ပုတ်မိဆုပ်မိခြင်း ဖြစ်မည်။ --- ဒီလို သတိလက်လွတ် ပြုမူမိတာမျိုးကတော့ စိတ်ကျန်းမာရေး ပြဿနာရှိသည်လို့ ဆိုရင်တောင်မှ Gyuvin ဝမ်းပမ်းတသာ လက်ခံချင်ပါသည်။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now