15

110 19 11
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|15|

"ဒါပေမယ့် သူ မီးထဲမှာ သေသွားခဲ့တယ်လေ"

Gyuvin သည် သဲပြင်ပေါ်က Vodka ပုလင်းကွဲစတွေကို ကြည့်ရင်းမှာ ကယောင်ကတမ်း ရေရွတ်သည်။ ဖန်ကွဲစလေးတွေမှာ သွေးတွေ ပေနေသေးတာ မြင်နိုင်သော်လည်း Gyuvin ရဲ့ လက်သည်ကား အကောင်းပကတိ ဖြစ်နေပေပြီ။ ဦးလေးဖြစ်သူသည် စိတ်ဂယောက်ဂယက် ဖြစ်နေသည့် Gyuvin က တည်ငြိမ်သွားသည်အထိ စောင့်နေ၏။

"သေသွားခဲ့တာက သူလေ ၊ ကျွန်တော့်ကို မီးထဲကနေ ကယ်လာပေးတော့ သူတို့ ပြောကြတာ ၊ သူက အထဲမှာ ဆုံးသွားပြီတဲ့ ၊ ကျွန်တော်တို့ အလောင်းတောင် ပြန်မရခဲ့ဘူးလေ"

"ဒါပေါ့ ၊ အလောင်း ဘယ်တွေ့ခဲ့ပါ့မလဲ"

"ခင်ဗျား ဘာပြောချင်နေတာလဲ !"

"မင်း အဲ့လောက် မတုံးပါဘူး Gyuvin ၊ မင်း မရိပ်မိချင်တာပါ"

"မဟုတ်ဘူး ၊ ဟင့်အင်း.. ကျွန်တော်က_

"သူ မသေဘူး Gyuvin ၊ ပြီးတော့"

Gyuvin ကို မျက်နှာချင်းဆိုင် ကြည့်ပြောဖို့ ခက်သွားသလို သူသည် အလင်းရောင် ပီပြင်လာသည့် လမင်းကို ငေးမောလျက်။ သို့သော်လည်း ရင်ဆိုင်ဖြေရှင်းသင့်သည့် ကိစ္စတစ်ခုလို့ သံဓိဌာန် ချလိုက်သလို ဦးလေးဖြစ်သူသည် Gyuvin ကို ပြန်လှည့်ကြည့်သည်။ --- ဒီမျက်နှာက သူ့ကို ကြောက်ရွံ့စေသလို တုန်ယင်လာပြီး Gyuvin ရဲ့ ဆံပင်တွေကိုသာ အာရုံထားလျက်။

"မိဘမဲ့ဂေဟာကို မီးတင်ရှို့ခဲ့တာ သူပဲ"

"သူက ?? မိဘမဲ့ဂေဟာကို ?? မီးရှို့တယ် ??

"ဟုတ်တယ် Gyuvin ၊ လသားအရွယ်ကတည်းက သူမတူတဲ့ ဉာဏ်ရည်အစွမ်း ရှိခဲ့တဲ့ သူလို ကလေးတစ်ယောက်အတွက် ဂေဟာကြီးတစ်ခုလုံးကို ပြာကျအောင် လုပ်ဖို့ဆိုတာ မခက်ခဲပါဘူး"

"........"

"မမ ဆုံးပြီး မင်းတို့ ၂ယောက် ရှိနေတဲ့ နေရာကို ငါ တွေ့ခဲ့ချိန်မှာ ငါ သိလိုက်ရတာက.. မင်းအဖေက ငါ့ကို တချိန်လုံး စောင့်ကြည့်နေခဲ့တယ် ဆိုတာပဲ ၊ ဒါကြောင့်လည်း မမက ကလေးတွေကို ငါနဲ့ မထားခဲ့နိုင်တာပေါ့ ၊ ဒါပေမယ့် မကြာပါဘူး ၊ ငါ့ကို စောင့်ကြည့်နေတဲ့ မင်းအဖေက မင်းတို့ ၂ ယောက် ဘယ်မှာ ရှိသလဲ သိသွားခဲ့တယ် ၊ ဒီတော့ သေချာပေါက် မင်းတို့ကို ပြန်ခေါ်ဖို့ လုပ်ခဲ့တာပေါ့"

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 Où les histoires vivent. Découvrez maintenant