မန်းမြို့ရဲ့ နွေအပူဟာ လူတွေအပေါ်ပူလောင်ပင်ပန်းစေနေသလိုနွေလယ်ခေါင်တွင်း စားဝတ်နေရေးအတွက်နေအပူကိုအံ့တုလျက် မိမိတို့၏အလုပ်ကိုယ်စီနဲ့လှုပ်ရှားနေထိုင်နေကြသည်။
ထိုသူများထဲတွင် တာရာငယ် သည်လည်းအပါအဝင်သာဖြစ်သည်။ Barista အကူအဖြစ် ကော်ဖီဆိုင်မြို့တော်ကြီး
ဖြစ်သော Mandalay မြို့ကCafeဆိုင်များထဲကတခု့မှာ
အလုပ်ဝင်ရင်း ယခု့လည်း နွေအပူကို
ကော်ဖီအေးအေးတခွက်ကို အမျိုးစုံအရသာစုံပုံစံဖြင့်
ဖြေဖျောက်ချင်သူများအလိုအရ အလုပ်များနေသည်။ထိုသို့ပင်အလုပ်များနေရင်းတွင်ပင် နောက်ဆုံး
ပူလောင်စေတဲ့နေလုံးကြီးမှ့ တဖြေးဖြေးပျောက်ကွယ်
လျက် ညခင်းဘက်သို့ရောက်လာစပြုလာပြီး
တာရာငယ်၏အလုပ်ချိန်တရက်လည်းပြီးဆုံးသည့်
အတွက် ဆိုင်ပိတ်ရန်လုပ်ရလေသည်။ဆိုင်တွင်သိမ်းသင့်သည်များကိုသိမ်း ဘေးအကာအရံများကို
ချပီးသောအခါ သူမ အိမ်သို့ပြန်ရန်သူမ၏အဖေဝယ်ပေးထားသော ဘတ်ထရီဘီးလေးကိုထုတ်ကာ ဦးထုတ်ကိုစောင်းချ
လိုက်စဥ်ပင် ဘေးတဖက်လမ်းမှ့ ပန်းချီဆိုင်ရှေ့
ကားတစီးထိုးရပ်လာသည်ကို ကြည့်နေမိသည်။Toyota crown ရွှေရောင်ကားတစီးထဲမှ့ မိန်းမ
တယောက်ထွက်လာပြီး ထိုမိန်းမမှာ ရှပ်အကျီကို
သူမ့ဘောင်းဘီအနက်ထဲညှပ်ထည့်ထားပြီး
ဆံပင်ရှည်တွေမှာ ခါးနားနီးနီးရှည်ကျနေပီး
အရပ်မှာ 5ပေ4 လောက်ရှိမည်။ လမ်းမ့ကိုကျောပေးထားပီး
ဖုန်းပြောနေကာ လက်ထဲမှ့ စီးကရက်တလိပ်မှာလည်း
ကုန်ခါနီးနေပြီးဖြစ်သော်လည်း ရှိုက်နေဆဲပင်။တာရာငယ် ဘာလို့လဲမသိ သူမ့လှုပ်ရှားမူတိုင်းကိုကြည့်နေမိပီး သူမ့ဆံပင်တွေဖုံးနေသောမျက်နှာနားမှ့ ပေါ်နေသောနှုတ်ခမ်းနီညိုများနှင့်ဆေးလိပ်ရှိုက်သောက်ပုံကိုသာကြည့်နေခဲ့မိသည်။
မကြာပါ ထိုမိန်းမမှာ ပန်းချီဆိုင်ထဲဝင်သွားခဲ့ရာ တာရာငယ်လည်း သူမ့လွယ်အိတ်လေးထဲကနားကြပ်ကိုထုတ်ကာ သူမ့ဖုန်းထဲက ခင်မောင်တိုး၏ လွမ်း ဆိုသည့် သီချင်းတပုဒ်ကိုရွေးပီးနောက်
ဆိုင်ကယ်စက်လေးနှိုးပီးထွက်လာခဲ့သည်။
YOU ARE READING
အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎
Romance" ငါတို့ဘယ်ရထားမှာလွဲခဲ့ကြတာလဲ တခါလွဲရင် ဘယ်လောက်ကြာသလဲ?" မာန် - 1827 ရက်