Part-10

50 12 0
                                    

" ငယ်ရေ ဘယ်သူလဲ"

" မမ့..."

မာန် တာရာငယ်ကြည့်ရာကိုကြည့်လိုက်ရာ
ခြံရှေ့မှာ ကားအဖြူတစီးရှိပြီး ကားထဲမှာ မာန့်အဖေဦးကိုကိုလေး ခြံတွင်းမှာ ရပ်နေသူကာ မာန့် အမေ ဒေါ်မေနွယ် ပင်။
သူမ့ရုပ်မှာ ဒေါသမရှိ အမုန်းမရှိ မာနမရှိပေမယ့်
ဝမ်းနည်းမူတွေသာ။သို့သော်မာန် သူမ့ကိုမယုံကြည်။
မာန် တာရာငယ့်ရှေ့ကထွက်ပြီး
ဒေါ်မေနွယ်ရှိရာသို့လျှောက်ကာ မျက်နှာချင်းဆိုင်ရပ်သည်။

" ဘာကိစ္စရှိလို့လဲ ဒေါ်မေနွယ် "

" အမေလို့တောင် မခေါ်နိုင်တော့တာလား သမီး "

" အဟက် ခေါ်ချင်ရင်တောင် မထွက်လာဘူး "

" အမေ တောင်းပန်ပါတယ် နွယ် "

" ဟင်.....ပြန်လာဖို့ပြောတာဆို မန်းလေးကိုသာပြန်လိုက်ပါ
ဒီနေရာမှာ မာန်သေမှ့ပဲ မာန်နဲ့ငယ့်ကိုခွဲရလိမ့်မယ်"

" မဟုတ်ပါဘူး နွယ် အမေလာခဲ့တာ သမီးတို့ကိုခွဲဖို့မဟုတ်သလို
တောင်းပန်တာကလည်း အမေသမီးအပေါ်လုပ်ခဲ့တာတွေ
အတွက်သာပါပဲ"

" ....."

" အမေ အမေ့စိတ်ကိုရှေ့တန်းတင်ပြီး သမီးကို
ဖိအားတွေရော စိတ်ဒဏ်ရာတွေရောပါပေးခဲ့မိတယ်
ပီးတော့ သမီးကိုအမှောင်ထဲမှာပြေးကာကွယ်ရမယ့်အစား
အမှောင်ထုထဲမှာပိတ်လှောင်ခဲ့တယ် နောက်ဆုံး
တာရာငယ်နဲ့ပါ အမေခွဲဖို့လုပ်ခဲ့မိတယ် ဒါတောင်အမေ
တရားမရခဲ့သလို အမှန်မမြင်ခဲ့ပါဘူး ဒါပေမယ့် ဂျူလိုင်ရော
တာရာငယ်ရောကြောင့် အမေနားလည်စပြုခဲ့ပေမယ့်
သမီးမရှိတော့မှ့ အမေဘယ်လောက်ထိလွန်ခဲ့လဲဆိုတာ
စဥ်းစားနိုင်ခဲ့တာပါ အဲ့တာမို့ အခု့လာခြင်းကလည်း
သမီးတို့ကိုခွဲဖို့မဟုတ်ပဲ အမေလေပြေနွယ့်ကို
သတ်ခဲ့မိတဲ့အတွက်တောင်းပန်တာကို ခွင့်လွှတ်စေချင်ယုံပါပဲ"

" နွယ် ငယ့်အနားမှာပဲပျော်တယ် အမေ အမေ့ကိုခွင့်လွှတ်နိုင်ပါတယ် ဒါပေမယ့် နွယ် ပြန်လိုက်မှာမဟုတ်ဘူး အမေ"

" ရပါတယ် နွယ် ပီးတော့ သမီးတို့ကိုလည်း နှစ်ဖက်မိဘသဘောတူနေပီပဲ သမီးတို့သဘောပါ "

အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎Where stories live. Discover now