Part - 8

64 11 0
                                    

" ဘယ်သူလဲ ငယ် "

" ထားဧကရီတဲ့ မမ့ မမ့လူနာလားမသိဘူး"

" အမ် ဘယ်သူပါလိမ့်"  မာန်အပေါ်ထပ်ကပြေးဆင်းလာရာ
တာရာငယ့်ရှေ့မှာရပ်နေတာ မနေ့က market မှာသူမ့
ကူညီခဲ့တဲ့ကောင်မလေးဖြစ်နေသည်။

" ဘာကိစ္စလဲ မသိဘူး "

" ဟိုလေ မနေ့က ထားကို ကူညီပေးခဲ့လို့ ဒေါက်တာကို
ကျေးဇူးတင်ချင်လို့ပါ အသိမပေးပဲလာမိတာ တောင်းပန်ပါတယ်"

" ရပါတယ် ဘာမှ့အပန်းမကြီးပါဘူး "

မာန်မှာ တံခါးနားမှာသာရပ်ပြောနေပြီး ထိုမိန်းကလေးကို
အတွင်းထဲသို့မခေါ်ပေ။ တာရာငယ်ကတော့ ပြုံးနေလျက်သာ။

" အမ် မမ့ ဧည့်သည်ကိုအထဲခေါ်လိုက်လေနော်
ညမ့ အထဲဝင်ပါဗျ "

ထားဧကရီမှာလည်း အထဲကိုဝင်လာပြီးနောက်
ဆိုဖာပေါ်ထိုင်လိုက်ပြီး မာန်ပါ ဆန့်ကျင်ဘက်နေရာသို့
သွားထိုင်သည်။

" စကားပြောကြအုန်းနော် "

" ငယ် လက်ဂရုစိုက်နော် ချစ်တယ် ဖြေးဖြေးချက်အုန်းနော်"

" ဟုတ်ပါပီ မမ့ဗျာ"

မာန် တာရာငယ် မီးဖိုခန်းထဲဝင်သွားသည်နှင့်
ထိုမိန်းကလေးကို ပြန်ကြည့်လိုက်ရာ သူမ့ပုံစံက
နူးနူးညံ့ညံ့မိန်းကလေးပုံစံ။

" ဒါနဲ့ အမ့ဆိုင်လိပ်စာကို ဘယ်လိုသိတာ "

" ဟို...ဆရာနေခကိုမေးလိုက်တာပါ ဒေါက်တာ"

" အော် ....."

" ဒေါက်တာသာမကယ်ရင် ထား လက်ကသွေးထွက်လွန်ပီး
တခု့ခု့ဖြစ်မှာဆိုးရတယ်လေ"

" အဲ့လောက်လည်းမဟုတ်ပါဘူး ဒါပေမယ့် လက်မဟုတ်ပဲ
ခေါင်းပြတ်ရင်တော့ တမျိုးပေါ့ "

" ဟားဟား ဒေါက်တာကတော့လေ "

မာန် သောက်နေသောရေပါသီးကုန်သည်။

" အဟွတ် "

" အယ် ဒေါက်တာ အဆင်ပြေရဲ့လား "

" ရတယ်ရတယ် တခါတလေ အော်ဂလီဆန်ရင်
သီးသွားတတ်တယ်"

" ဟုတ် အော် ဒါနဲ့ ဒါ ဒေါက်တာဖို့ပါ "

" ဘာလဲ "

အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎Where stories live. Discover now