Part - 2

105 12 0
                                    

နောက်တရက်တွင်လည်း တာရာငယ်အလုပ်ကိုစော
လာပြီးမသိစိတ်ကသူမ့ကို စောင့်နေမိသည်။
ဘာကြောင့်လဲမှန်းမသိသောခံစားချက်တခု့ကိုရင်မှာပိုက်ပြီး
ထိုမိန်းကလေးကိုမျှော်နေမိသည်မှာ ဘာကြောင့်လဲဆိုတဲ့
အဖြေကိုသူမရှာနိုင်သေး။

" ဟဲ့ "

အတွေးနယ်ချဲ့နေရင်း သူ့လုပ်ဖော်ကိုင်ဖက်မ့လေး သွန်း
ဆိုတဲ့ကောင်မလေးကအနားရောက်လာပီးဖြတ်ကနဲ
ရိုက်ချလိုက်လို့ တာရာငယ် အတွေးရပ်ကုန်သည်။

" လန့်တာဟာ ဘာလဲ "

" နင် ဟိုအမ့ကိုချောင်းနေတာလား "

" အာ အမ် ဘယ်ကသာ ငါလားချောင်းမှာ
ဟိုဘက်လမ်းနားကခွေးကိုကြည့်တာ "

" အော်..... ခွေးကြည့်တာကို ငါမေးတော့ ဘာလို့
မျက်နှာကြီးကရဲ? Haha "

" အဲ့တာ....နေပူလို့ဟာ မသိဘူး "

" ဟယ် ဟိုအမ့လာပီ "

" ဟမ် ဘယ်မလဲ ဘယ်မလဲ "
တာရာငယ် ဟိုဘက်လမ်းကို ကမန်းကတမ်းထကြည့်ရာ
ကားတွေဆိုင်ကယ်တွေဖြတ်နေတာကလွဲပီး တခြား
အရိပ်အယောင်မရှိသဖြင့် ဒီလိုစသောကြောင့်
သူမ့ဒေါသထွက်သွားမိသည်။

" တကယ်မရှိပဲ လျှောက်ပြောနေတာ ဗလောင်းဗလဲ "

" နင်ကမမျှော်ဘူး ဘူးခံငြင်းနေတာကိုးဟဲ့ "

" မင်းစောက်ကြောင်းပါနေလို့လား?"

" နင်....ဟ တကယ်ကြီးလာတာဟ ကြည့်လိုက် "

" ငါ့ကို တခါပဲအရူးလုပ်ခံလိုက်မယ် နှစ်ခါယုံတယ်ဆို
ငါရူးလို့ပဲ "

" ဟဲ့ အော် နင်ကတော့ "

သွန်းမှာ ဂနာမငြိမ်သလို တာရာငယ်ကလည်း
ဒေါသထွက်တာမို့သူမ့ပြောတာမယုံတော့သဖြင့်
အနောက်ကိုထပ် မလှည့်ကြည့်။

" affogato တခွက် ညမ့ "

" ဟမ် "

တာရာငယ်အသံလာရာကြည့်မိရာ သူမ့အဟုတ်ပင်
ဖြစ်နေသည်။ တာရာငယ့်အားသူမ့စိုက်ကြည့်နေသောအခါ
ထိုမျက်ဝန်းများရှေ့တာရာငယ်တဖန် ဒူးထောက်ကျရပေသည်။ဒီနေ့တော့တကိုင်းကြိုးအဖြူဂါဝန်ကိုဝတ်ပီး
ဆံပင်တွေကိုစီးကာမျက်မှန်ဝိုင်းလေးကိုတပ်ပြီး
သူမ့ရောက်လာပြန်ပီဖြစ်သည်။ဘယ်လိုနေနေ
ဖမ်းစားနိုင်သူလေးဟုတောင် တာရာငယ်မှတ်ယူနေမိသည်။

အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎Where stories live. Discover now