Part - 6

75 10 0
                                    

မန်းလေးမြို့ရှိ ညနေပိုင်းတချိန် ကော်ဖီဆိုင်တစ်ဆိုင်တွင်
ဧည့်သည်များရှင်းနေပြီး ထိုဆိုင်ထဲရှိခုံတနေရာတွင်
ဆံပင်အနီရင့်ရောင်ရင်ပြတ်Topကြက်သွေးရောင်နှင့် ဘောင်းဘီအဖြူကိုဝတ်ထားပီး YsL ဒေါက်ဖိနပ်ကိုစီးကာခြေချိတ်ထိုင်
နေလျက် latte တခွက်ကိုအေးဆေးသောက်နေသူမှာ
ဂျူလိုင်ဖြူ သာဖြစ်သည်။

" အမ့ဂျူလိုင်...." ဂျူလိုင် သူမ့နာမည်ခေါ်သံကို
ကြားရသည်နှင့်ပင် သူမ့နောက်မှာရပ်နေသူမှာ
တာရာငယ်ဆိုတာသိလိုက်ပြီး သက်ပြင်းတချက်ကို
မျက်စိမှိတ်ကာချလိုက်ပြီးနောက်

" လာထိုင်လေ တာရာငယ် "

" ဟုတ်ကဲ့ " တာရာငယ် ဂျူလိုင်ရှေ့မှာဝင်ထိုင်လိုက်သည်။

" ဘာသောက်မလဲ မေးရအောင်လည်း
မင်းက baristaဆိုတော့အမ့လည်းမမှန်းတက်လို့ "

" ရတယ် အမ့ ကျနော်ဒီကို ကော်ဖီသောက်ဖို့လာတာ
မဟုတ်ဘူး"

" ကဲ ပြောပါအုန်း အမ့ကိုချိန်းတဲ့အကြောင်း "

" လေပြေ ဆိုတာဘယ်သူလဲ "

" မာန့်ကို အမ့ဒီတိုင်းခေါ်တာလို့ပြောပီးပီလေ ညမ့ "

" ကျနော့်ကိုမလိမ်နဲ့ အမ့ အမ့တင်မဟုတ်ဘူး
မနေ့က မမ့အမေလာတုန်းကလည်း တချိန်လုံး
လေပြေနွယ် ဆိုပီးသေသေချာချာခေါ်သွားတာ
ကျနော့အကုန်ကြားတယ် ပီးတော့ မမ့အမေကြောင့်
သူချစ်တဲ့ရသူနဲ့ဝေးမယ့်လမ်းကိုမမ့ကိုယ်တိုင်
ရွေးခဲ့ရတယ်လို့ရောပြောတယ်အဲ့တာတွေကဘာတွေလဲ
ပီးတော့ ကြယ်တာရာဆိုတာကရော?"

" တာရာငယ် မင်းကလေ လေပြေနဲ့အတူတူပဲ
အချစ်နဲ့ပတ်သတ်ရင်မင်းတို့နှစ်ယောက်လုံးနုံလွန်းတယ် "

" အာ လေပြေ...လေပြေ...အဲ့လေပြေကဘယ်သူလဲလို့
မမ့လား မမ့ဆိုရင် ဘာလို့ကျနော့်ကိုအဲ့တာတွေ
မပြောပြရတာလဲ အမ့ကပါ ကြားထဲကကျနော့်ကို
အရူးလုပ်နေတာလား "

" စိတ်လျော့စမ်းပါ တာရာငယ် ငါက လေပြေမဟုတ်ဘူးနော်
ပြောရရင် လေပြေက ငါ့ထပ်တောင်ဒေါသထွက်ရင်ပိုဆိုးသေးတော်ကြာ မင်းသိချင်တာတွေရဲ့တဦးတည်းသောလမ်းစဖြစ်တဲ့ ငါပါပျောက်သွားမယ် "

အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎Where stories live. Discover now