အချိန်မှာ လွန်ခဲ့တဲ့နှစ်တွေဆီသို့ပြန်ရောက်သွားသည်။
Mandalay မြို့ကြီးထဲက private school တခု့ထဲတွင်
ကျောင်းသားကျောင်းသူများ မုန့်စားဆင်းချိန်မို့
လူတိုင်းတရုန်းရုန်းပင်။ထိုကျောင်းကြီးမှာအထပ်သုံးထပ်ရှိပြီး
ကျောင်းအောက်ထပ်တွင် ဆံပင်ကောက်ကောက်လေးနှင့်
ကော်ဖီအေးဘူးလေးကိုကိုင်သောက်နေကာ သူမ့
သူငယ်ချင်းများနှင့် ရီမောနေသူဟာ ငယ် သို့မဟုတ် တာရာငယ်
ဖြစ်သည်။သူမ့ကို အပေါ်ထပ် 12 တန်းAခန်းက ဝရံတာမှ့
ငေးကြည့်နေသူမှာ လေပြေ ဖြစ်သည်။လေပြေက
မြန်မာနိုင်ငံ၏အခြေနေများကြောင့်ကျောင်းကို
အတော်အတန့်နားထားရသူဖြစ်ပြီး ဆေးကျောင်း
တက်ချင်သူမို့ယခု့ပြန်တက်သောအခါ အသက်မှာ 21နှစ်
ရှိနေသော စီနီယာမမ့များအဖွဲ့ကဖြစ်သည်။" ဟဲ့ နင့်ကလေးမ့လေးကိုငေးနေတာလား "
ငေးကောင်းနေသော လေပြေ့အနား သူ့သူငယ်ချင်း
ဂျူလိုင် ရောက်လာသည်။" အင်းဟုတ်တယ်လေ ငါ့မှာဒီလိုချိန်လေးတွေပဲခိုငေးရတာဟ"
" နင်ကတော့လေ ချစ်တာကို ပြောပြလိုက်လေဟယ်
ဘာဖြစ်လဲ "" သူကငယ်လွန်းသေးတယ် ပီးတော့ ငါ့လိုမိန်းကလေးချင်း
သူချစ်မယ်လို့ ငါမထင်ဘူး အခု့လိုလေးငေးနေရတာတင်ကို
ငါကျေနပ်ပါတယ် ပီးတော့ ဒီနှစ်ပီးရင် ငါတို့ကို့လမ်းကို
ငါတို့လျှောက်ကြတော့မှာလေ အဲ့ကျမှ့ ငါသူ့ကိုစွန့်စားပီး
ဖွင့်ပြောကြည့်မှာပါ "" နင်ကတော့လေ..."
ဂျူလိုင်မှာ သူ့သူငယ်ချင်းကိုကြည့်နေရုံသာတတ်နိုင်သည်။လေပြေမှာ စာအမြဲလုပ်ပြီး Aခန်းထဲကသူဖြစ်သည်။
တာရာငယ်မှာ စာမရတာမဟုတ်ပဲနှင့်သူ့ကျန်းမာရေးကြောင့်
စာတွေဖိမလုပ်နိုင်တာမို့ Bခန်းတွင်ရှိနေခြင်းဖြစ်သည်။
လေပြေကသာ တာရာငယ့်ကိုချစ်နေပင်မယ့် တာရာငယ်ကတော့ လေပြေဆိုတာ ဘယ်လိုလူလဲဘာညာမသိခဲ့။" ကဲ ကျောင်းသားတွေအခန်းထဲဝင်ကြတော့ဟေ့ "
ကျောင်းထိန်းဆရာ၏အသံကြောင့် တာရာငယ်တို့ရော
လေပြေတို့ပါ ကို့အခန်းထဲကိုပြန်ဝင်ကြရသည်။
လေပြေ စာသင်နှစ်ဝက်အထိတာရာငယ့်ကိုအမြဲခိုးကြည့်ပီးသာ
ချစ်နေခဲ့သည်။ ဂျူလိုင်မှာလည်းအမြဲသူ့သူငယ်ချင်းကိုဖွင့်ပြော
ရန်တိုက်တွန်းသော်လည်း လေပြေကတော့အမြဲတမ်း
သူမ့ကငယ်သေးတယ် ဆိုသောအဖြေသာဖြေသည်။
YOU ARE READING
အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎
Romance" ငါတို့ဘယ်ရထားမှာလွဲခဲ့ကြတာလဲ တခါလွဲရင် ဘယ်လောက်ကြာသလဲ?" မာန် - 1827 ရက်