" မမ့ ကျနော်ဆန်ပြုတ်ဝယ်လာတယ် "
"အာ ငယ် "
ပန်းချီဆိုင်ထဲသို့ တာရာငယ် ဆန်ပြုတ်ဘူးကိုဆွဲကာ
ဝင်လာပြီး အိမ်နေရင်းတကိုင်းကြိုးဂါဝန်အဖြူကို
ဝတ်ကာဆံပင်တွေချထားပီး laptop နှင့်အလုပ်လုပ်
နေသောမာန်ကထကြိုလေသည်။" မမ့ကတော့လေ Aircon ကြီးဖွင့်ပြီး တကိုင်းကြိုးနဲ့ "
" ဟီး ငယ်ကလည်းကွယ် "
" မမ့နော် "
" ရှင့် ငယ် "
" မမ့မကောင်းဘူးဗျာ "
" အယ် ဘာလုပ်မိလို့လဲကွယ် "
" မမ့ကသိပ်လှတာလေ ဘာလို့အရမ်းလှနေတာလဲ"
" အာ.....ငယ်ကတော့လေ "
" ဟီး မမ့ဆန်ပြုတ်သောက်ရမယ်နော် "
" ဟင့် မမ့ကြိုက်ဝူးးး"
" မမ့ကလည်း လိမ်မာပါတယ် သောက်ပါနော်
နေမကောင်းသေးဘူးကိုဗျ"" အဲ့တာဆို ငယ်ခွံကျွေးလေ အဲ့လိုဆို
မမ့စားပ့မယ် "" မမ့တော့ဗျာ ကဲ ကျနော်ကျွေးမယ် "
" ဒါနဲ့ ငယ် ဆိုင်မသွားဘူးလား "
" ဒီနေ့ပိုင်ရှင်ကဆိုင်ကို renovation လုပ်မို့
တပတ်ပိတ်ထားလို့ကျနော်အားနေတာ မမ့ရဲ့
အဲ့တာနဲ့ မမ့ဆီလာတာ...ကဲ ဟ "" ဟွမ် ဟုတ်လား " မာန်တာရာငယ်ခွံကျွေးသော
ဆန်ပြုတ်ကိုစားရင်း ပြုံးနေမိသည်။ သူမ့ချစ်တဲ့
ကလေးလေးကသူ့ကိုဂရုစိုက်နေတာတဲ့လေ ။" ဟုတ်ပ့ မမ့ရဲ့ ဆိုင်ကတချို့နေရာတွေကဆေးပြယ်လာတယ်
ပုံစံကလည်း တခြားဆိုင်တွေထပ်ယှဥ်ရင်ဒိတ်အောက်သလို
ဖြစ်လာတော့ ကြည့်ရတာ ပုံစံအသစ်လုပ်မယ်ထင်ပ့"" ငယ့်ကြည့်ရတာ အဲ့ဆိုင်လေးမှာပျော်သလိုပဲနော် "
" ဒီအလုပ်လုပ်ဖို့ကို ကျနော်အမေနဲ့အမြဲ
ကတောက်ကဆဖြစ်ခဲ့ရတာ barista အလုပ်ကို
တန်ဖိုးထားတယ် ကျနော်ချစ်တာမို့ဒါပေမယ့်
မမ့ကိုတော့မမှီပါဘူး"" ဟွမ် " ဆန်ပြုတ်ကိုပလုံပလောင်းစားနေရသော မာန်မှာ
ပါးနှစ်ဖက်တွေဖောင်းနေပီး တာရာငယ်ကိုမျက်လုံးလေးတွေ
ကျယ်ကာသာကြည့်သည်။
YOU ARE READING
အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎
Romance" ငါတို့ဘယ်ရထားမှာလွဲခဲ့ကြတာလဲ တခါလွဲရင် ဘယ်လောက်ကြာသလဲ?" မာန် - 1827 ရက်