Part - 7

63 10 0
                                    

" ရော့ ဒါသိန်း 50 ကျန်တဲ့တဝက်ကို မင်းအလုပ်ပီးတာနဲ့ပေးမယ်"

" ဟုတ်ကဲ့ပါ အန်တီမေ မပူပါနဲ့ ထား အလှမှာမကျရှုံးဘူး
ဆိုတဲ့သူဆိုတာ မရှိပါဘူး " ဟူပြီး ငွေထုတ်ကိုယူကာ
ထိုနေရာမှ့ထွက်သွားတော့သည်။

" Hello ငယ် မမ့ Market မှာ ငယ့်ဆီလာမလို့ဒါပြီးရင် "

" ဟုတ်ကဲ့ပါဗျ မမ့ ကျနော်စောင့်နေမယ်နော်
အမေနဲ့အဖေရောရှိတယ် "

" အာ့ဆို အန်တီတို့ဖို့မုန့်ဝယ်ပီးတာနဲ့ထွက်လာမယ်နော် "

" မဝယ်ပါနဲ့မမ့ရယ် မမ့ဝယ်ပေးတာတွေများနေပီဗျ"

" အို ချစ်တဲ့သူဖို့ပဲ ရဝူး ဒါပဲနော် တာ့တာ့ ချစ်တယ် ငယ်"

မာန် သူ့ချစ်သူကိုဖုန်းဆက်ပြီးနောက် တဖြည်းဖြည်း
စျေးဝယ်လှည်းကိုတွန်းရင်း မုန့် section သို့ရောက်လာကာ
သူသဘောကျတာသည်များကိုသေချာရွေးနေသည်။

" ခွမ်းးးး " ရုတ်တရက် ဘေးနားမှ့ မာန်နဲ့အရပ်တူတူလောက်ရှိပြီး ဂါဝန်အဖြူကိုဝတ်ကာ ဆံပင်မှာဂုတ်ထောက်သာရှိသော
မိန်းကလေးတယောက်မှာ ဖန်ပုလင်းတလုံးကိုခွဲချမိပြီး
ပုလင်းစက သူမ့လက်တွင်စိုက်သွားသည်မို့ ထိုမိန်းမမှာ
လန့်ပြီးငိုနေသည်။ ထို့နောက် လူအများကလည်း ဝိုင်းအုံလာပြီး
လူကြားထဲမှ့ " ဒီထဲမှာ ဆရာဝန်ဖြစ်ဖြစ် သူနာပြုဖြစ်ဖြစ်ရှိလား" ဟု လူအုပ်ထဲမှ့ထိုမိန်းမ၏သူငယ်ချင်းဟုထင်ရသူကအော်နေ
သဖြင့် မာန်လည်း သူမ့တို့ကျမ်းစာဆိုထားသည့်တာဝန်အရ
လူအုပ်ထဲသို့ပြေးဝင်သွားသည်။

" အမ့က ဆရာဝန်ပါ "

" အမ့ သူ့ကိုတချက်လောက်ကြည့်ပေးပါအုန်း "

" အရင်ဆုံး ဒီမှန်စကိုထုတ်ရလိမ့်မယ် ပီးရင်တော့
အနာကိုဖိဖို့ ထူတဲ့အဝတ်မျိုးလိုတယ် ပီးတော့ ပတ်တီးနဲ့ဒီကနေ
စည်းပေးလိုက်မှာမို့ နီးစပ်ရာဆေးခန်းကိုတော့အမြန်သွားရမယ်"

" ဟုတ် အမ့ လုပ်ပါအုန်း "

" ကဲ အဲ့တာဆို ဒီကညမ့ စိတ်အေးအေးထားနော်
ညမ့က သူ့ကိုချုပ်ထားပေး "

ထိုနောက် ဆရာဝန်ပီပီ မာန်က ထိုမိန်းမသူငယ်ချင်းပေးသော
အဝတ်ကိုယူကာ အာရုံသေချာစိုက်ပီး ထိုမှန်ကွဲစကို
တချက်တညိးနှင့်ဆွဲထုတ်လိုက်ပြီးနောက် သွေးစတချိူ့က
ပန်းထွက်သွားပြီး မာန့်ရဲ့အကျီအဖြူနုမှာစွန်းကုန်သည်။
ထိုမိန်းကလေးကတော့ငိုယိုလျက်။

အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎Where stories live. Discover now