" မမ့ စိတ်ကိုလျော့ပါ"
" မရဘူး ငယ် ငယ့်ကိုထိလို့ကိုမရဘူး"
" ကားကိုအရှိန်လျော့မောင်းပါနော် မမ့နော် ငယ်ရှိတယ်လေဗျာ"
" ငယ် အန်တီ့ကိုဖုန်းဆက်လိုက်"
" ဗျာ ဟုတ် "
တာရာငယ် သူမ့ဖုန်းကိုထုတ်ကာ သူ့အမေကိုဖုန်းခေါ်လိုက်သည်။
မကြာပါ ခဏနဲ့တင်ဟိုဘက်ကတန်းကိုင်သည်။" hello အေးသမီးပြော "
" အမေ မမ့ကဖုန်းဆက်ခိုင်းလို့ ပြောလိုက်နော်"
တာရာငယ်သူမ့ဖုန်းကို မာန့်နားကပ်ပေးလိုက်သည်။
" အန်တီ သမီး ငယ့်ကိုခိုးသွားပီ " ဟုပြောကာဖုန်းချလိုက်သည်။
" ဟင် မမ့"
" ငယ် မမ့နောက်လိုက်မှာလား ငယ်"
" မမ့ရှိရာကျနော်လိုက်မှာပါ"
" ချစ်တယ် ငယ်"
" ကျနော်ရောသိပ်ချစ်တာ"
မာန် ကားမောင်းရင်း တာရာငယ့်လက်ကိုကိုင်နမ်းလိုက်သည်။
မောင်းရင်းမောင်းရင်းတောင်ပတ်လမ်း၊view point၊ကန်တော်ကြီး၊နေကြာရိုင်းတွေနဲ့ခြံထားတဲ့မြို့ရှောင်လမ်း တွေကိုကျော်လာပြီးမြို့ရဲ့ အစွန်းအစပ်နားက ဂိတ်အဖြူနဲ့ခြံရှေ့ကျ မာန်
ကားကိုရပ်ပြီး ကားထဲကထွက်ကာ သူမအိတ်ထဲကသော့ကိုထုတ်ပြီး တံခါးဖွင့်ပြီးနောက် ထိုခြံထဲဝင်လိုက်သည်။ခြံတံခါးအဖြူလေးရှိပြီးတောင်စွန်းမှာဆောက်ထားသောအိမ်အဖြူလေးရှိပြီး ဘေးပတ်ပတ်လည်မှာမေမြို့ပန်းများရှိပြီး
အများဆုံးကတော့ နှင်းဆီနီတွေသာ။ ဘယ်နားကိုရပ်ရပ်
အနောက်ကိုလှည့်တာနဲ့ နေဝင်ချိန် နေထွက်ချိန်ကိုမြင်ရသည်။
ပန်းခင်းတွေရဲ့အဆုံးမှာ ညောင်ပင်အကြီးတခု့ရှိပြီး
ဒန်းအဖြူလေးတခု့နှင့် ကွမ်ပျစ်လေးတခု့ရောရှိသည်။" ဝါးးး လုံးဝ ငယ်နေချင်တဲ့ပုံစံလေး မမ့ငှားထားတာလား"
" အမ်....."
" မမ့ ဘာဖြစ်လို့လဲ "
" ကဲလာ ကွမ်ပျစ်ပေါ်သွားမယ်"
YOU ARE READING
အချစ်ဖြင့်~ချည်သောကြိုးမျှင်ငယ်🤎
Romance" ငါတို့ဘယ်ရထားမှာလွဲခဲ့ကြတာလဲ တခါလွဲရင် ဘယ်လောက်ကြာသလဲ?" မာန် - 1827 ရက်